Local News

မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီ စျေးနှုန်းစျေးကွက်

Last Updated:

           မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီစျေးနှုန်းမှာ ကျေးရွာပေါက်စျေးတစ်ပိဿာလျှင် (၁၈၀၀-၂၂၀၀)ကျပ်၊ မြို့ပေါ်စျေးနှုန်း တစ်ပိဿာ(၂၂၀၀-၂၃၀၀)ကျပ်ဖြင့် ယခင်တစ်ပတ်စျေးနှင့် ကွာခြားမှုမရှိဘဲ စျေးငြိမ်နေကြောင်း သိရသည်။ စျေးကွက်အနေဖြင့် ဇွန်လ(တတိယပတ်)အတွင်း မိတ္ထီလာမှ ရန်ကုန်သို့ (၁၂)ဘီးကား(၃)စီးဖြင့် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ (၁၀၀၀၀) ခန့်၊ ပဲခူးသို့ တစ်ရက်လျှင် (၆) ဘီးကားတစ်စီးဖြင့် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ(၃၀၀၀၀)ခန့်၊ မူဆယ် သို့ တွဲကား(၂)စီးဖြင့် ကုန်ချိန်(၆၄)တန်၊ မြဝတီသို့ (၁၂)ဘီးကား(၆)စီးဖြင့် ကုန်ချိန်(၁၀၂)တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ကုန်တင်ခအနေဖြင့် တစ်ပိဿာလျှင် မိတ္ထီလာ-ရန်ကုန် (၁၁၀)ကျပ်၊ မိတ္ထီလာ-ပဲခူး (၁၁၀)ကျပ်၊ မိတ္ထီလာ-မူဆယ် (၂၀၀)ကျပ်နှင့် မိတ္ထီလာ-မြဝတီ (၁၅၀)ကျပ်ရှိကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News