Local News

ရွှေဘိုခရိုင်တွင်ဖြစ်‌ပေါ်နေသော အစေ့ထုတ်ပြောင်းဈေး

Last Updated:

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၆၈၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/ (၁၁)တန်ဖြစ်ကြောင်း၊ ယခင်နိုဝင်ဘာ ဒုတိယအပတ်နှင့် ယခုတတိယအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက နိုဝင်ဘာဒုတိယအပတ်၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၇၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် တတိယအပတ်တွင် ယခင်အပတ်အောက် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၂၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၈၈၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူ အောက် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၂၀၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News