Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးတန်ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးတန်ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ငါးမျိုးစုံရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ‌ဒေါ်ထက်ထက်က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ငါးတန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး အောက်တိုဘာလအတွင်းက ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးတန်ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးတန်ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“နိုဝင်ဘာလအတွင်းက ငါးတန်တွေ ဝယ်လိုအားကောင်းခဲ့တယ်။ လက်ရှိဒီဇင်ဘာလထဲမှာလဲ ဝယ်လိုအားကောင်းနေတဲ့ အခြေအနေရှိပါတယ်။ ဖျာပုံမြို့နယ်က ငါးတန်တွေ ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချနေပါတယ်။ ဖျာပုံမြို့နယ်ကနေ မွေးမြူရေးငါးတန်ကော၊ သဘာဝအတိုင်း ဖမ်းယူရရှိတဲ့ငါးတန်ကော တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ကနေတစ်ဆင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနေတာပါ။ နိုဝင်ဘာလအတွင်း ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်” ဟု ဖျာပုံမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ထက်ထက်က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးတန် ၁၀ ပိဿာလျှင် ငွေကျပ် ၈၅၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News