International News

အိန္ဒိယနိုင်ငံ တင်လဲရည် ပြည်ပတင်ပို့မှုအပေါ် ပို့ကုန်ခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်

Last Updated:

ကြံမှ သကြားထုတ်လုပ်ရာတွင်  ဘေးထွက်ကုန်ဖြစ်သည့် တင်လဲရည်အပေါ်  ပို့ကုန်အခွန် ၅၀ ရာခိုင်နှုန်းကို အိန္ဒိယအစိုးရက ၂၀၂၄ ဇန်နဝါရီလ ၁၈ ရက်တွင် စတင်စည်းကြပ်ကောက်ခံပါသည်။ ယခုဆုံးဖြတ်ချက်သည် မုတ်သုန်မိုး မမှန်သဖြင့် ကြံပြတ်လပ်မှုကို တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ နိုင်ငံလုံးဆိုင်ရာ သမဝါယမ သကြားစက်ရုံများ အဖွဲ့ချုပ်၊ အနောက်အိန္ဒိယ သကြားစက်များအသင်းနှင့် တောင်အိန္ဒိယ သကြားစက်များအသင်း တို့ကဲ့သို့သော အမျိုးမျိုးသော သကြားလုပ်ငန်းအသင်းများသည် တင်လဲရည် ပြည်ပတင်ပို့မှု ကန့်သတ်ပေးပါရန် တောင်းဆိုခဲ့ကြသည်။

ပို့ကုန်ခွန်သည် ကုန်ပစ္စည်းများ၏ ရောင်းလိုအားနှင့် ဝယ်လိုအားကို ထိန်းညှိရန် မဟာဗျူဟာမြောက် လုပ်ဆောင်ချက်ဖြစ်ပြီး ပြည်တွင်းရရှိနိုင်မှုကို သေချာစေပါသည်။ တင်လဲရည် ပြည်ပတင်ပို့မှု လျော့နည်းသွားအောင် ပို့ကုန်ခွန် ကောက်ခံပေးခြင်းဖြင့် အီသနော ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး အီသနော ရောစပ်ထားသော ဓာတ်ဆီသုံးစွဲမှု ရည်မှန်းချက်ကို ပြည့်မီနိုင်စေမည်ဖြစ်ပါသည်။ အိန္ဒိယအစိုးရသည် ၎င်း၏ E20 (၂၀% အီသနောရောစပ်ဓာတ်ဆီ) ရည်မှန်းချက်ကို ၂၀၂၅-၂၆ ခုနှစ်တွင် ရရှိရန် ရည်မှန်းထားသည်။ လက်ရှိတွင် ၁၂% သို့ ရောက်ရှိနေပါသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး တင်လဲရည် ပြည်ပတင်ပို့သည့် နိုင်ငံဖြစ်သည်။ တင်လဲရည် ကမ္ဘာ့ကုန်သွယ်မှုတွင် ၂၅% ကို အိန္ဒိယနိုင်ငံမှ တင်ပို့သည်။  အဓိက ဝယ်ယူသူများမှာ နယ်သာလန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တောင်ကိုရီးယားနှင့် အီတလီတို့ ဖြစ်ပါသည်။ မဟာရာရှာတြာ၊ ဂူဂျာရပ်နှင့် ကာနာတာကာ ပြည်နယ်တို့မှ အများဆုံး တင်ပို့သည်။

Source: Mint

Source: https://www.foodindustrydirectory.com.mm

Category: International News