Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁)တန်လျှင် (၈၇၉) ဒေါ်လာနှုန်းဖြင့် (၃၄၅) တန်၊ တန်ဖိုး (၀.၃၀၃)ဒေါ်လာသန်းအား ကော့သောင်းကုန်သွယ်ရေးစခန်း မှတဆင့်ထိုင်းနိုင်ငံရနောင်းသို့ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၃၉) ဒေါ်လာနှုန်းဖြင့် (၁၅.၂) တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်းအားမောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်များလျှောက်ထားရယူ၍တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၀.၃၃၁)ဒေါ်လာသန်းအားတင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အတွင်းသွင်းကုန်ဒီဇယ်ဆီ (၁)တန်လျှင် (၇၉၀) ဒေါ်လာနှုန်းဖြင့်(၃၇၉၃) တန်၊ တန်ဖိုး (၂.၉၉၆) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၈၉၈) ဒေါ်လာနှုန်းဖြင့်(၁၃၀၀) တန်၊ တန်ဖိုး (၁.၁၆၇) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၂၈၁.၁၉၄)တန်၊ တန်ဖိုး (၀.၂၆၂) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၅၆၀)တန်၊ တန်ဖိုး (၀.၂၈၆) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၁၄၄)U တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း တင်သွင်းနိုင်ငံခဲ့ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး (၄.၇၂၃) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၀၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၄) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News