Local News

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၅-၇-၂၀၂၄ မှ ၂၁-၇-၂၀၂၄) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည် ဈေးနှုန်းများအခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးနှုန်းများမှာ မတ်ပဲ FAQ/RC(2024Crop) ၃၃၅၅၀၀၀ ကျပ်၊ မတ်ပဲ SQ/RC (2024 Crop) ၃၆၆၅၀၀၀ ကျပ်နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ၄၄၅၅၀၀၀ ကျပ် ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ၈၃၀၀၀  ကျပ်နှင့် မတ်ပဲ SQ/RC (2024 Crop) ၆၃၈၀၀၀ ကျပ် ဈေးမြင့် တက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop) ၃၂၀၀၀ ကျပ် ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024  Crop)  ကွန်တိန်နာ ၆၅ လုံး (တန်ချိန် ၁၅၆၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန် တိန်နာ၂၀လုံး (တန်ချိန်၄၈၀)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2024 Crop)  ကွန် တိန်နာ ၈၀လုံး (တန်ချိန် ၁၉၂၀)  ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၅လုံး (တန်ချိန် ၃၆၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန် နာ ၂၀လုံး (တန်ချိန် ၄၈၀)ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ)ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ၄၅၀၀ ကျပ်၊ မြားနီ၄၀၀၀ ကျပ်၊ ပန်းတနော်ရှည် ၃၅၀၀ ကျပ်၊ ဆင်ဖြူကျွန်း(ပု) ၁၁၅၀၀ ကျပ်နှင့် မြစ်ဝပု ၁၀၅၀၀ ကျပ် ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး များ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၄၀၀ (၂၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၁၀၀(၂၂၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀ (၇၅၀ ပိဿာ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၃၀၀ (၆၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ် ပေါင်း ၅၀ (၇၅၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ၃၆၀၀ ကျပ်၊ မန်ကျည်းအသား (သစ်) ၆၄၀၀ ကျပ်နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ၃၃၀၀ ကျပ် အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းသီးများ ဈေးငြိမ်လျက် ရှိ သည်။ 
 ထန်းလျက်၊ ကြံသကာ နှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ် ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ၄၆၅၀ ကျပ်၊ ညောင်ဦးဆေးရှယ်(ထန်း) ၅၂၀၀ ကျပ်၊ ပခုက္ကူကြမ်း ၄၇၅၀ ကျပ်၊ ရေစကြိုထန်းလျက်(ချော) ၅၉၅၀ ကျပ်၊ ကြံသကာ ၃၃၀၀ ကျပ် နှင့် သကြား(ပြည်တွင်း)၄၇၅၀ ကျပ် ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာနှင့် သကြားများ  ဈေးငြိမ်လျက်ရှိသည်။  

ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  တစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ၂၀၀၀ ကျပ်၊ ဆိပ်ဖြူလတ်ကြီး ၁၉၀၀ ကျပ်၊ ဆိပ်ဖြူလတ်သန့် ၁၉၀၀ ကျပ်၊ ဆိပ်ဖြူလတ်ချော ၁၄၀၀ ကျပ်၊ မုံရွာသစ်ရှယ် ၂၀၀၀ ကျပ်၊ မုံရွာ လတ်ကြီး ၁၉၀၀ ကျပ်၊ မုံရွာလတ်သန့် ၁၈၀၀ ကျပ် နှင့် မုံရွာလတ်ချော ၁၄၀၀ ကျပ် အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၀၄ စီး (၆၂၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၉၁ စီး (၅၄၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၃ စီး (၇၈၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ တစ်ပိဿာ ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ၁၁၅၀၀ ကျပ်၊ အောင်ပန်းထူး-၂ ၉၀၀၀ ကျပ်၊ အောင်ပန်းထူး-၃၉၆၀၀ ကျပ်၊ အောင်ပန်းထူး-၄ ၁၀၀၀၀ ကျပ်နှင့် အောင်ပန်းထူး-၅ ၁၀၅၀၀ ကျပ် အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ၁၀၀၀ ကျပ်၊ အောင်ပန်းထူး-၂ ၃၀၀ ကျပ်၊ အောင်ပန်းထူး-၃ ၂၀၀ ကျပ်၊ အောင်ပန်းထူး-၄ ၃၀၀ ကျပ်နှင့် အောင်ပန်းထူး-၅ ၃၀၀ ကျပ်ဈေး မြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန် ဖြူ အိတ် ၄၇၀၀ (၁၄၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်  ကြက်သွန်ဖြူအိတ် ၃၈၀၀ (၁၁၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့့် ယခင်အပတ်ထက်  ကြက်သွန်ဖြူအိတ်  ၉၀၀ (၂၇၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။ 
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့  ဟဲဟိုးမြို့နှင့် တရုတ်မှအာလူးများ ဝင်ရောက်လျက်ရှိရာ တစ်ပိဿာ ဈေးနှုန်းများမှာ ဟဲဟိုး  OK ကျပ် ၃၅၀၀ ၊ ဟဲဟိုး S1 ကျပ် ၃၅၀၀ နှင့် တရုတ်အာလူး ကျပ် ၄၅၀၀ ဈေးနှုန်းအသီးသီးခဲ့ဖြစ်သည်။ တစ်ပတ်အတွင်း အာလူးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားအစီးရေ ၂၇ စီး (၁၆၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၁၆ စီး (၉၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၁၁ စီး (၆၆၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
    
Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

 

Category: Local News