Local News

သာယာဝတီခရိုင် မိုးစပါးများ စိုက်ပျိုးပြီးစီး

Last Updated:

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် မိုးစပါးများစိုက်ပျိုးပြီးစီးကြောင်း၊ ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုအနေဖြင့် သာယာဝတီမြို့နယ်၌ စိုက်ဧက(၁၀၃၆၅၉)၊ လက်ပံတန်းမြို့နယ်၌ စိုက်ဧက(၁၀၁၈၃၈)၊ မင်းလှမြို့နယ်၌ စိုက်ဧက(၇၆၁၄၁)၊ မိုးညိုမြို့နယ်၌ စိုက်ဧက(၄၈၈၆၀)၊ အုတ်ဖိုမြို့နယ်၌ စိုက်ဧက(၁၀၀၃၇၄)၊ ကြို့ပင်ကောက်မြို့နယ်၌ စိုက်ဧက(၈၆၈၂၅)၊ မိုးစပါးစိုက်ဧက စုစုပေါင်း(၅၁၇၆၉၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ သာယာဝတီခရိုင်တွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၅၁၇၅၁၀) ရှိသော်လည်း အမှန်စိုက်ဧက (၅၁၇၆၉၇)ဧက၊ ၁၀၀.၀၄% စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကအပေါ် (+)၁၈၇ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်မြေစာရင်းဌာန စာရင်းများအရ သိရသည်။

Source: https://commerce.gov.mm

Category: Local News