Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၆၁၈၅၉၄.၄၇၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေ ပမာဏတန်ဖိုးမှာ ၉၃၂၆၃၅.၂၀၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ကြိမ်၊ ပဲတီစိမ်းနှင့် ပြောင်းများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၄၃၀၅၉၉.၆၈၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင် တည်နယ်စပ်ကုန်သွယ်‌ရေး စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၈၇၉၉၄.၇၉၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါ သည်။

သွင်းကုန်ပစ္စည်းများမှာ လယ်ထွန်စက်များ၊ ချည်ထည်များ၊ ဓါတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ် ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်း ကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၁၃၄၁၀၄.၈၈၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၇၉၈၅၃၀. ၃၂၀ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၄၈၀ ကျပ် ရှိကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News