Local News

ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၁၁-၁၁-၂၀၂၃) မှ (၁၇-၁၁-၂၀၂၃) အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ ကွမ်းသီး၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးသလောက်နှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၁၃၇၆၂ ဒဿမ ၂၄ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ချင်း(အစို)တန်ချိန် ၁၉ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ချင်း(အစို)တန်ချိန် ၇ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ချင်း(အစို)တန်ချိန် ပိုမို၍တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ချင်း (အစို) တင်ပို့နိုင်မှုငွေပမာဏမှာ ၈၅၅၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးမြစ်ချင်းတန်ချိန် ၁၁၆ ဒဿမ ၈၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးမြစ်ချင်းတန်ချိန် ၁၁၁ ဒဿမ ၈၈၈ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးမြစ်ချင်းတန်ချိန် ပိုမို၍တင်ပို့နိုင်ခဲ့ကြောင်း သိရပါ သည်။ ယခုအပတ် ငါးမြစ်ချင်းတင်ပို့နိုင်မှု ငွေပမာဏမှာ ၁၅၀၄၃၅ ဒဿမ ၃၆ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်မှုကုန်ချောအနေဖြင့် ဇီးယိုထုပ်တန်ချိန် ၁၀ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးယိုထုပ်တန်ချိန် ၁၂ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ဇီးယိုထုပ်တန်ချိန် တင်ပို့နိုင်မှုလျော့နည်းသွားကြောင်း သိရပါသည်။ ယခု အပတ် ဇီးယိုထုပ်တင်ပို့နိုင်မှု ငွေပမာဏမှာ ၂၅၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News