Local News

အိန္ဒိယဝယ်လိုအားကောင်းလာတာကြောင့် ပို့ကုန်ပဲနှင့် ပြည်တွင်းသုံးကုလားပဲများ ဈေးမြင့်တက်လာ

Last Updated:
ရွှေမန်း
 
ပဲ၊နှမ်း ဈေးကွက်ရပ်နားထား ရာမှ ပြန်လည်ဖွင့်လှစ်သည်နှင့် အိန္ဒိယဝယ်လိုအား ကောင်းလာ တာကြောင့် ပို့ကုန်ပဲနှင့် ပြည်တွင်း သုံးကုလားပဲများ ဈေးမြင့်တက် လာကြောင်း  ပဲကုန်သည်များထံက  သိရသည်။
 
ဧပြီလဆန်းပိုင်းမှစတင်ပြီး ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်း သုံးကုလားပဲအုပ်စု ဈေးကျဆင်း သွားရာမှ သင်္ကြန်ကာလအပြီး ဈေးကွက်ပြန်လည်ဖွင့်လှစ် သည်နှင့် ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးမြင့်တက်လာပြီး အိန္ဒိယ ဝယ်လိုအားကောင်းလာတာကြောင့်  ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးမြင့်တက်လာသော် လည်း တရုတ်လိုင်းပို့ကုန်ဖြစ် သည့် ပဲတီစိမ်းနှင့် နှမ်းမြေပဲမှာ ပုံမှန်သာအရောင်းအဝယ်ရှိပြီး ပြည်တွင်းသုံးပဲမာလိုင်းအုပ်စုမှာ ဈေးအနည်းငယ်ကျဆင်းနေကြောင်း  ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
 
]]ပဲ၊နှမ်းဈေးကွက်ပြန်စတာနဲ့ ပြည်တွင်းသုံးကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀ ထိ ဈေးမြင့် တက်လာတယ်။ ပို့ကုန်မတ်ပဲ တစ်အိတ်ကို ငွေကျပ် ၂၀၃၀၀၀၊ ပဲစင်းငုံတစ်အိတ်ကို ငွေကျပ် ၂၂၈၀၀၀၊ ပဲတီစိမ်းကတော့ တစ် အိတ်ကို ငွေကျပ် ၂၂၀၀၀၀ ဝန်းကျင်  ဈေးမြင့်တက်လာပါတယ်၊ အခြား ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ဈေးငြိမ်နေပါတယ်၊  နှမ်းနှင့်မြေပဲ ပေါက်ဈေးက ပုံမှန်သာရှိပါတယ် ပို့ကုန်ပဲတွေက သင်္ကြန်တွင်း ကာလကတည်းက ဝယ်လိုအားရှိ နေတာ ဈေးကွက်ဖွင့်ဖွင့်ချင်း ဈေး မြင့်တက်လာတာပါ၊ ပြည်တွင်း သုံး ကုလားပဲများလည်း ဈေး ကွက်အတွင်း အဝင်နည်းလာလို့ ဈေးမြင့်တက်လာတာပါ၊ လက်ရှိ အမြင့်ဈေးတွေနဲ့ အရောင်းအဝယ် ခပ်သွက်သွက်ဖြစ်နေပါတယ်}} ဟု ၎င်းက ပြောသည်။   
         
 ဧပြီ ၂၀ ရက်တွင် ဈေး မြင့်တက်လာသည့် ပို့ကုန်မတ်ပဲ (သစ်)၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၀၃ç၀၀၀၊ ပဲစင်းငုံ (သစ်) ၆၀ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၂၉ç၀၀၀(ရောင်း)၊  ငွေကျပ် ၂၂၈ç၀၀၀ (ဝယ်)၊ ပဲတီစိမ်းရွှေဝါ (သစ်) ၅၆ ဒသမ ၂၅  ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀ ပေါက်ဈေးသာရှိပြီး တစ်အိတ်လျှင် ငွေကျပ် ၁၀ç၀၀၀ ခန့်ဈေးပြန် မြင့်တက်သွားကြောင်း မန္တလေး ကုန်စည် ဒိုင်ပေါက်ဈေးများအရ သိရသည်။
 
ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေရာမှ   သင်္ကြန်ကာလအပြီး ဈေးကွက် စတင်တာနှင့် အရောင်းအဝယ် ခပ်သွက်သွက် ပြန်လည်ဖြစ်လာရာ ဧပြီ ၂၀  ရက်တွင်  ကုလားပဲ  V2 တစ်အိတ်မှာ ငွေကျပ်၂၂၀၀၀၀၊  ပဲကြီး တစ်အိတ်ငွေကျပ် ၂၄၅၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၄၂၀၀၀၊ မြေထောက်ပဲ တစ်အိတ် ငွေကျပ်၂၉၀၀၀၀၊ မြေပဲအနီလုံး ဆန်တစ်ပိဿာ ငွေကျပ် ၇၀၀၀ -၇၃၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။  
 
အိန္ဒိယဝယ်လိုအားနှင့် FOB ဈေးမြင့်တက်လာတာကြောင့်လည်း ပို့ ကုန်ပဲ၊နှမ်းဈေးကွက်ဈေးမြင့် တက်လာခြင်းဖြစ်သည်။
Source: မကွေးဂျာနယ်
Category: Local News