Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့်သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့မှ၁၈ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၀၈၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၃၅၈) သန်း၊ သွင်းကုန်တန်ချိန် (၁၄၂)၊ (၈၁၅) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၂၆) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈၄သန်းဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ သဲတိုး တန်ချိန် (၀.၅၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၅၉.၈၀)၊ (၁) တန်ဈေးနှုန်း (၁၃၁၀) အမေရိကန်ဒေါ်လာ၊ စက်ဟောက် တန်ချိန်(၆၂.၃၄၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၁၇၂၁.၅၅)၊ (၁)တန်စျေးနှုန်း (၉၉၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေ တန်ချိန်(၄.၈၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၈၃၂.၀၀)၊ (၁)တန်စျေးနှုန်း (၁၄၀၀)အမေရိကန်ဒေါ်လာ၊ လူးစီတန်ချိန်(၁၂.၄၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂၂၇၁၃.၆၀)၊ (၁)တန်စျေးနှုန်း (၁၈၂၀)အမေရိကန်ဒေါ်လာ၊ ခွေးလျှာ တန်ချိန်(၁၇.၈၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၀၀၃.၂၀)၊ (၁)တန်စျေးနှုန်း (၁၁၂၀)အမေရိကန်ဒေါ်လာ၊ ကျောက်ငါးတန်ချိန်(၁.၈၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၃၈၀.၂၀)၊ (၁)တန်စျေးနှုန်း (၂၄၂၀)အမေရိကန်ဒေါ်လာ၊ ကုလားကုတ် တန်ချိန် (၁.၈၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၉၀၁.၆၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀) အမေရိကန်ဒေါ်လာ၊ ငါးပုလွေ တန်ချိန် (၇၉.၃၄၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၅၀၅၀.၂၅)၊ (၁)တန်စျေးနှုန်း (၁၄၅၀)အမေရိကန်ဒေါ်လာ၊ ပလာလန်း တန်ချိန် (၂.၆၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၄၃၂.၀၀)၊ (၁)တန်စျေးနှုန်း (၁၃၀၀) အမေရိကန်ဒေါ်လာ၊ ဇလွယ်တန်ချိန် (၀.၄၈)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၆၂.၄၀)၊ (၁)တန်ဈေးနှုန်း (၁၃၈၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

     အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဓါတ်ဆီတန်ချိန် (၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄၅၀၀၀)၊ (၁)တန်ဈေးနှုန်း(၉၀၀)အမေရိကန်ဒေါ်လာ၊ ဒီဇယ်ဆီတန်ချိန် (၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၈၀၀၀)၊ (၁)တန်စျေးနှုန်း (၇၆၀)အမေရိကန်ဒေါ်လာ၊ ကျောက်ချဉ်တန်ချိန်(၁၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၀၀၀)၊ (၁)တန်စျေးနှုန်း (၁၆၆.၆၆) အမေရိကန်ဒေါ်လာ၊ မီးသွေးမှုန့်တန်ချိန် (၈၂.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၀၀၀)၊ (၁)တန်စျေးနှုန်း (၁၄၆.၃၄) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်း သိရှိရသည်။

       ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံ ငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၁၉-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၁၉) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၉.၄၀) ကျပ်ခန့် (၁၈-၇-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင် (၀.၂၀) ကျပ်ခန့် မြင့်တက် လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၂၁၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၁၇၀၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News