Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၈) ရက်နေ့မှ ဇူလိုင်(၁၇) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၈)ရက်နေ့မှ ဇူလိုင်(၁၇)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၁.၇၆၀) ဒေါ်လာသန်း၊ သွင်းကုန်(၂၈.၁၇၁)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၃၉.၉၃၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ပဲတီစိမ်း (၄၈၉၉.၃၁)တန်၊ တန်ဖိုး (၃.၅၇၇) ဒေါ်လာသန်း၊ ပဲယင်း (၂၇၄၇.၇၅)တန်၊ တန်ဖိုး (၂.၀၁၂)ဒေါ်လာသန်း၊ ရော်ဘာ (၁၅၂၂.၅၀)တန်၊ တန်ဖိုး (၁.၆၇၁)ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၁၇၂.၆၃၁)တန်၊ တန်ဖိုး (၁.၆၆၇)ဒေါ်လာသန်း၊ ထောပတ်ပဲ (၄၀၈.၀၀)တန်၊ တန်ဖိုး (၀.၄၉၀)ဒေါ်လာသန်း၊ ဆန်ကွဲ (၉၀၈.၇၅)တန်၊ တန်ဖိုး (၀.၃၆၀)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၄၅၁.၁၁၉)တန်၊ တန်ဖိုး(၀.၂၉၅)ဒေါ်လာသန်း၊ ‌ရော်ဘာကြမ်း (၃၂၆.၂၅)တန်၊ တန်ဖိုး(၀.၂၅၉) ဒေါ်လာသန်း၊ နိုင်လွန်ပဲ(၁၇၀.၀၀)တန်၊ တန်ဖိုး(၀.၁၁၄)ဒေါ်လာသန်း၊ စွန်တာနီပဲ (၁၈၆၅.၀၀)တန်၊ တန်ဖိုး (၀.၁၁၁)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၉.၆၃၅)ဒေါ်လာသန်း၊ ချည်ထည်များ (၄.၀၇၈)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၃.၆၀၀) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ (၁.၂၁၃)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ(လုပ်ငန်းသုံး) (၁.၁၅၅)ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်းများ (၀.၉၉၁) ဒေါ်လာသန်း၊ အခြားပစ္စည်းများ (၀.၉၄၀) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၆၃၈)ဒေါ်လာသန်း၊ အချိုမှုန့် (၀.၂၈၀)ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၂၁၈) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

      ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၀) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ်ရှိကြောင်းသိရသည်။ လယ်ယာထွက်ကုန် ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ ဆန် (၄၅၇)ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂)ဒေါ်လာနှုန်း၊ ပဲတီစိမ်း(၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ(၁၁၄၂)ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ(၆၇၁)ဒေါ်လာနှုန်း၊ ပြောင်း(၃၂၈)ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News