Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၁၈-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၈-၇-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၇၆) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၉၄၀) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၉၁၆) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၅၈.၂၄၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၇၅)သန်း၊ ပုစွန်ဖွဲ(၂၆၄.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၂၆)သန်း၊ ကြေးနီ(၃၆.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၀၃)သန်း၊ ကဏန်း(၂၃.၆၂၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၉)သန်း၊ နနွင်းတက် (၁၄၂.၁၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၆)သန်း၊ အလူမီနီယံသတ္တု(၃၄.၄၃၇)တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၆၂.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၉)သန်း၊ ကြက်သွန်ဖြူ (၂၈.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၈)သန်း၊ လျှော်ဖြူ(၃၃.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၇)သန်း၊ သကာရည်(၁၅၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်းတို့ ဖြစ်သည်။

      အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆန်စက် ကန်ဒေါ်လာ (၀.၁၁၁)သန်း၊ BOLT & NUT တန်ဖိုးကန်ဒေါ်လာ (၀.၀၉၃) သန်း၊ လျှပ်စစ်မော်တော် ဆိုင်ကယ် တန်ဖိုးကန်ဒေါ်လာ (၀.၀၆၉) သန်း ၊ ရောင်စုံသွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၈) သန်း၊ သံချောင်းလုံး တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၅) သန်း၊ ကြွေပန်းကန်ပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၈) သန်း၊ သံဇကာလိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၅) သန်း၊ ဘတ္ထရီများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၂) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀) သန်း၊ အလူမီနီယံတံခါးဘောင် တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၉) သန်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၁၈) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၁.၅၃၄)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၂၉.၁၂၉)သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၅၀.၆၆၃)သန်း ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၉.၉၄၂)ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိသည်။

     (၁၈-၇-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၉၉၉.၉၃၃)နှုန်း၊ ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၇၈.၈၇၆)နှုန်း၊ ကြေးနီ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၈၄၆.၉၅၄)နှုန်း၊ ‌ကဏန်း(၁)တန်လျှင် အမေရိကန် ဒေါ်လာ (၄၂၀၀.၀၁၇)နှုန်း၊  နနွင်းတက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၃၂.၆၆၅)နှုန်း၊ အလူမီနီယံသတ္တု (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၉၄.၀၇၈)နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၉၄၅.၉၆၄) နှုန်း၊ ကြက်သွန်ဖြူ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၀၈၇.၉၉၇) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် အမေရိကန်ဒေါ်လာ(၁၇၃၀.၈၁၆)နှုန်း၊ သကာရည်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၁၂.၆၈၃) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News