Local News

အောင်လံကုန်စည်ဒိုင်၏ ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက် (စမုံ) ၄၅ ပိဿာပါ တစ်အိတ်လျှင် ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ် ၂၈၀၀၀၀ မှ ၃၀၀၀၀၀ ဖြင့်လည်းကောင်း၊ ဩဂုတ်လ (တတိယပတ်)တွင် ကျပ် ၂၉၀၀၀၀ မှ ၃၁၀၀၀၀ ဖြင့်လည်းကောင်း အိတ်ရေ ၁၃၅၀ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။

ပဲမျိုးစုံဈေးကွက်တွင် ဩဂုတ်လ (တတိယပတ်) ပိဿာ ၃၀ ဝင်တစ်အိတ် ဈေးနှုန်း များ မတ်ပဲမှာ ကျပ် ၇၅၀၀၀၊ ကုလားပဲမှာ ကျပ် ၉၁၀၀၀၊ ကုလားပဲ(မြကြေး)မှာ ကျပ် ၉၀၀၀၀ ကျပ်၊ ပဲတီစိမ်းမှာ ကျပ် ၅၂၀၀၀-၅၆၀၀၀၊ ပဲကြီးမှာ ကျပ် ၉၄၀၀၀-၉၅၀၀၀၊ မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာလျှင် ကျပ် ၇၃၅၀ တို့ဖြစ်ပြီးအ‌ရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်ပတ်အတွင်း ပိဿာ ၃၀ ဝင် အိတ်များဖြင့် မတ်ပဲအိတ် ၂၂၀၊ ကုလားပဲ (H-L) အိတ် ၅၅၀၊ ကုလားပဲ(မြကြေး) အိတ် ၄၀၀၊ ပဲကြီးအိတ် ၂၈၀၊ ပဲတီစိမ်းအိတ် ၁၈၀၀၊ မြေပဲလုံးဆန် (ဖြူ) အိတ် ၁၉၀ စသည်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှမ်းနှင့် ပဲမျိုးစုံများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

 

Category: Local News