Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလ ၁၅ ရက်တာ ကာလအတွင်း ငါးတန်ပိဿာချိန် ၄၂၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့  ရေထွက်ကုန်များ တင်ပို့ရောင်းချရာတွင်  ဇန်နဝါရီ လ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်တာ ကာလအတွင်း ဒေသထွက်ငါးတန်ပိဿာချိန်  ၄၂၀၀၀ အထိ  တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း  ပန်းတနော်မြို့နယ်မှ ငါးမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ကြူကြူ၏ ပြောပြချက်အရ သိရသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ပန်းတနော်မြို့နယ်ကနေတင်ပို့တဲ့ ငါးတန်တွေ ဝယ်လိုအားကောင်းပါတယ်။ ဇန်နဝါရီလထဲမှာလည်း ဝယ်လိုအားကောင်းပါတယ်။ ပန်းတနော်မြို့နယ်ကနေ  ရန်ကုန်ဈေးကွက်ကို ငါးတန်တွေ အများဆုံး တင်ပို့ရောင်းချပါတယ်။ ပန်းတနော်မြို့နယ်ကနေ မွေးမြူရေးငါးတန်ရော  သဘာဝအတိုင်း ဖမ်းယူရရှိတဲ့ ငါးတန်တွေပါ တင်ပို့ရောင်းချ နေပါတယ်။ ရန်ကုန်မြို့ကနေတစ်ဆင့် ပြည်တွင်းမှာရှိတဲ့ တခြားဒေသတွေနဲ့ ပြည်ပဈေးကွက်ကိုလည်း တင်ပို့ရောင်းချပါတယ်။ ဇန်နဝါရီလ ၁၅ ရက်တာကာလအတွင်း ငါးတန်ပိဿာချိန်  ၄၂၀၀၀  အထိ  တင်ပို့ရောင်းချခဲ့ရပါတယ်”ဟု ဒေါ်ကြူကြူ ကပြောသည်။

ပန်းတနော်မြို့နယ်မှ ငါးတန်အပါအဝင် တခြားရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဇန်နဝါရီလ  ၁ ရက်မှ ၁၅  ရက်အထိ ၁၅ ရက်တာ ကာလအတွင်း ငါးတန်ပိဿာချိန် ၄၂၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊   ထိုသို့တင်ပို့ရောင်းချခဲ့သည့် ငါးတန်များ၏ ဈေးနှုန်းမှာ   ၁၀  ပိဿာ လျှင် ငွေကျပ် ၈၅၀၀၀ အထိ ရရှိကြောင်း သိရသည်။ 

Source: https://www.myawady.net.mm

Category: Local News