Local News

သရက်မြို့မှထွက်ရှိသည့် ကြောင်လျှာဆံနှင့် ဆီးသီးအစို/အခြောက်ဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အင်းမငယ်၊ ပေါက်ပင်၊ အုန်းပင်လှ၊ စခန်းကြီး၊ မြောက်ဘော၊ တောင်ဘော၊ မင်းတည်း၊ ပျဉ်ထောင်၊ မြွေပွေး၊ ရွာသစ်၊ ကျောက်အိုင် စသည့်ကျေးရွာများမှထွက်ရှိသည့် ကြောင်လျှာဆံဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ကြောင်လျှာဆံတစ်ပိဿာလျှင် ကျပ်(၁၇၀၀၀) ဈေးနှုန်းဖြင့် ပိဿာ(၆၀မှ ၈၀)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒုတိယအပတ်ထက် ကျပ်(၃၀၀၀) အမြင့်ဈေးဖြင့်ဝယ်ယူရပြီး ကြောင်လျှာဆံများကို အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကုန်သည် ဦးမြင့်လွင်ထံမှသိရှိရပါသည်။

ထို့ပြင် သရက်မြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဆီးသီးအစို/အခြောက်များလည်းလှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၀၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဒုတိယအပတ်ထက် ကျပ်(၅၀၀)အမြင့်ဈေးဖြင့် တစ်နေ့လျှင် အိတ်ရေ(၂၅၀မှ ၃၀၀)အိတ်ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီးသော ဆီးသီးများကို ဆီးသီးခွဲစက်ဖြင့် ဆီးသီးမှဆီးဆံရရှိအောင် ကြိတ်ခွဲမည်ဖြစ်ကြောင်း၊ ဆီးဆံ(၁)တင်းလျှင် ယခုအချိန်တွင် ကျပ် (၅၃၀၀၀)ရှိကြောင်းနှင့် ဆီးဆံများရရှိပါက အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ဆီးသီးဝယ်ယူသူ ဦးဇော်မျိုးဦးထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News