International News

မတ်ပဲ တင်သွင်းရန် ဘရာဇီနိုင်ငံးနှင့် အိန္ဒိယ ဆွေးနွေးမှု အပြီးသတ်အဆင့် ရောက်ရှိ

Last Updated:

     အိန္ဒိယနိုင်ငံသည် ပြည်တွင်းဖူလုံရေး မြှင့်တင်ရန်နှင့် ဈေးနှုန်းများကို ထိန်းကွပ်နိုင်ရန်အတွက် မတ်ပဲတင်သွင်းမှုအတွက် ဘရာဇီးလ်နိုင်ငံနှင့် အပြီးသတ်အဆင့် ဆွေးနွေးနေကြောင်း စားသုံးသူရေးရာအတွင်းရေးမှူး Rohit Kumar Singh က အင်္ဂါနေ့(မေ ၂၃)တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲ နှစ်စဉ်တန်ချိန် ၇-၇.၅ တန် တင်သွင်းပြီး ၇၄% ကို မြန်မာနိုင်ငံမှ တင်သွင်းကြောင်း ၎င်းက ပြောကြားပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန် ၂ သိန်းခန့် တင်သွင်းထားပြီးကြောင်း ၎င်းက ပြောကြားသည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲဖူလုံရေးအတွက် မြန်မာနိုင်ငံအပေါ်  မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် အခြားရင်းမြစ်များကို ရှာဖွေနေပါသည်။

     ၂၀၂၂ ဇူလိုင်လမှ ၂၀၂၃ ဇွန်လအထိ တစ်နှစ်တာ မတ်ပဲ ထုတ်လုပ်မှု တန်ချိန် ၂.၆၈ သန်းရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ယခင်နှစ်ထက် တန်ချိန် ၂.၇၇ သန်း လျော့နည်းပါသည်။ မြန်မာနိုင်ငံမှ တင်သွင်းသည့် မတ်ပဲနှင့် ပဲစဉ်းငုံများကို အိန္ဒိယအစိုးရက ခွဲတမ်းသတ်မှတ်ခြင်းမရှိဘဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့်ကာလအား ၃၁-၃-၂ဝ၂၄ ရက်နေ့အထိ တိုးမြှင့်ခွင့်ပြုထားပါသည်။

Source: https://www.foodindustrydirectory.com.mm/

Category: International News