Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် (၅.၃၅၂) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ မှ (၁၈) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၁၀.၇၉၂) ဒေါ်လာသန်းနှင့် သွင်းကုန် (၂၃.၁၉၆) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ အနေဖြင့် (၃၃.၉၈၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေအနေဖြင့် ပို့ကုန် (၇၇၂) စီး၊ သွင်းကုန် (၁၇၄၅) စီး ဆောင်ရွက်နိုင်ခဲ့သည်။ယခင်အပတ် ၂၀၂၃ သြဂုတ်လ (၅) ရက်နေ့မှ သြဂုတ်လ ( ၁၁ ) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁၀.၆၆၂) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၇.၉၇၄) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၈.၆၃၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၀.၁၃၀) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုး (၅.၂၂၂) ဒေါ်လာသန်း ပို့မိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၅.၃၅၂) ဒေါ်လာသန်း ​ပိုမိုခဲ့သည်။

တင်ပို့သည့် ပို့ကုန်အမည်များအနက် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲယင်း၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ ဘိုကိတ်ပဲ၊ မြေပဲဆီ၊ ဝဉအစို၊ နှမ်းဆီ၊ CMP ပစ္စည်းများ ၊ စွန်တာနီ၊ ယခင်တစ်ပတ် ထက်ပိုမိုတင်ပို့သဖြင့် (၀.၁၃၀) ဒေါ်လာသန်း ပိုမိုခဲ့ခြင်းဖြစ်သည်။ တင်သွင်းသည့်သွင်းကုန်အမည်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်အပိုပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း လေအေးပေးစက်များ၊ အင်ဂျင်များနှင့်၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်း များ၊ ဝါယာကြိုးများ၊ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သဖြင့်  ယခင်တစ်ပတ်အောက် (၃.၆၂၃) ဒေါ်လာသန်း ပိုမိုခဲ့သည်။

လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓါတုဗေဒပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ချည်ခင်များ၊ တာယာနှင့် ကျွတ်များ ပိုမိုတင်သွင်းခဲ့သော်လည်း သားရေတု ပြုလုပ် သောပစ္စည်းများ၊ ဓါတ်ဆေးဆိုးဆေးများ၊ အခြားပစ္စည်းများ၊ ဓာတ်မြေသြဇာများ လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက်(၀.၁၁၄) ဒေါ်လာသန်း လျော့နည်းခဲ့သည်။ လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘထ္ထရီခြောက်၊ ဇာနှင့် ဇာနှင့်ထိုးထားသော အထည်အလိပ်များ၊ လျော့နည်းတင်သွင်းခဲ့သော်လည်း ဆေးဝါး၊ အခြားပစ္စည်းများ၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊အချိုမှုန့်၊ မိဖိုချောင်သုံးပစ္စည်းများ၊ ပရိဘောဂများ၊ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၁.၇၁၃) ဒေါ်လာသန်း ပိုမိုခဲ့သည်။

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန် (၁၀)မျိုးမှာ ရော်ဘာ (၄၆၅၇.၁၀၀) တန်၊ (၅.၆၈၈) ဒေါ်လာသန်း၊ ပဲယင်း (၁၄၅၇.၅၀၀)တန်၊ ( ၁.၁၉၅ )ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၅၀၀.၅၀၀ )တန်၊  (၁.၁၉၀)ဒေါ်လာသန်း၊ မြေထောက်ပဲ  (၅၂၆.၅၀၀) တန်၊ (၀.၇၂၈)ဒေါ်လာသန်း၊ ပြောင်း (၂၃၇၆.၅၆၃) တန်၊ (၀.၆၇၉)ဒေါ်လာသန်း၊ ဆန်ကွဲ  (၆၀၉.၂၅) ၊ (၀.၂၄၈)ဒေါ်လာသန်း၊ ဘိုကိတ်ပဲ (၃၀၄.၀၀၀)တန်၊ ( ၀.၁၈၁)ဒေါ်လာသန်း၊ စွန်တာနီပဲ (၂၇၂.၀၀၀)တန်၊(၀.၁၆၄ )ဒေါ်လာသန်း၊ ရော်ဘာကြမ်း (၁၉၁.၁၅၀)တန်၊ (၀.၁၆၄)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၁၈၆.၅၀၀)တန်၊ ( ၀.၁၁၃ )ဒေါ်လာသန်းဖြစ်သည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၇.၆၄၅) ဒေါ်လာသန်း၊ ချည်ထည်များ (၃.၉၂၅)ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၂.၅၈၂) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း (၁.၂၀၁) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၁၃၃) ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၁.၀၃၀) ဒေါ်လာသန်း၊ အထည်အလိပ်များ (၀.၉၅၀) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှု အခြားပစ္စည်း (၀.၆၉၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၅၂၂)ဒေါ်လာသန်း၊ လေအေးပေးစက်များ (၀.၅၀၆) ဒေါ်လာသန်း ဖြစ်သည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတတ်ကုန်ကားခ ပို့ကုန်တစ်ပိဿာလျှင်(၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်းနှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်းနှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များာ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News