Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၆-၈-၂၀၂၃) မှ (၂၀-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပြောင်း (၆၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ကြိမ် (၃၂.၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ရာဘာ  (၁၃၁.၀၀) တန်၊ တန်ဖိုး (၀.၁၆၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာ၊ Aluminium Ingotတစ်တန်လျှင် (၁၇၅၂) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော် မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဆေးဝါးပစ္စည်း (၈၈၈၈၀) U ၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ပန်ကာ (၁၈၀၀) U ၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ စက္ကူလိပ် (၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ (၁၂၀.၀၀) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ ပိတ်လိပ် (၅၇.၈၀) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ ထွန်စက် (၁) U ၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ရိတ်သိမ်းခြွေလှေ့စက် (၂) U ၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ကော်စေ့ (၁၃.၅၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ပီနံအိတ် (၄၀.၅၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ချည် (၁၄.၄၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ မြက်ခင်းတု (၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ သံချောင်း (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာ သန်း၊ ကော်ပိုက် (၁၆.၅၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ ကုန်စုံ (၂၅၀.၉၇) တန်၊ (၄၃၆၉၃) U ၊ (၂၀၀၀) PR ၊ တန်ဖိုး (၀.၂၉၇) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန် လျှင်(၇၉၇)ဒေါ်လာ၊ ကော်စေ့ တစ်တန်လျှင်(၁၀၀၀)ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂) ဘီးယာဉ်(၁)စီး လျှင်ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ (၅၀၀၀၀၀) ကျပ်နှင့်ကုန်စုံ တစ်စီး လျှင် (၆၅၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်  ပို့ကုန်ပစ္စည်းများ အားဗန်းမော် - မိုးမောက်  (ကျောက်စခန်း) - စိန်လုံ -  လွယ်ဂျယ်လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက် ရှိပါသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၅-၈-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၅၅)ကျပ် ဖြစ်ခဲ့ပြီး ၂၀-၈-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၈၀)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးကျခဲ့ကြောင်း သိရှိရပါသည်။.

Source: https://commerce.gov.mm

Category: Local News