Local News

ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၉-၉-၂၀၂၃) မှ (၁၅-၉-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ နနွင်းတက်၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်းနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၀၂၂၈ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ချင်း(အစို)တန်ချိန် ၁၁၆ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ် မှာ ချင်း(အစို)တန်ချိန် ၄၄ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ချင်း(အစို)တန်ချိန် ပိုမို၍ တင်ပို့ နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ချင်း(အစို) တင်ပို့နိုင်မှု ငွေပမာဏမှာ ၅၂၂၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လုပ်ငန်းသုံး ကုန်ပစ္စည်းများအနေဖြင့် T-Shirt နှင့် Plastic Water Tank ကို တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၁၄၈၀ ဒေါ်လာ တင်သွင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News