Local News

ဆိပ်ဖြူကုန်စည်ဒိုင်၏ ကြက်သွန်နီစျေးနှုန်းစျေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(မိုး)အသစ်များ စျေးကွက်ထဲသို့ အများအပြားဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေပါသည်။ ဆိပ်ဖြူကုန်စည်ဒိုင်သို့ အနီးအနားရှိ ကြက်သွန်နီစိုက်ကျေးရွာများမှလာရောက်ကာ အရောင်းအဝယ်ပြုလုပ်ကြပြီး ဆိပ်ဖြူကုန်စည်ဒိုင်မှတဆင့် ရန်ကုန်ဘုရင့်နောင်နှင့် မန္တလေးတို့သို့တင်ပို့ကာ ရောင်းချကြပြီး ပြည်ပ စျေးကွက်ဝယ်လိုအားအရ ပြည်ပဝယ်လက်များမှလည်း ဆိပ်ဖြူကုန်စည်ဒိုင်သို့ လာရောက်ကာ တိုက်ရိုက်အရောင်းအဝယ် ပြုလုပ်တာလည်းရှိပါသည်။

ကြက်သွန်နီ(မိုး)ပေါ်စတွင် စျေးကောင်းရခဲ့ပြီး လှိုင်လှိုင်ပေါ်ထွက်လာသဖြင့် စျေးကွက်ထဲသို့ အများအပြားဝင်ရောက်လာချိန်မှာ စျေးနှုန်းအနည်းငယ် ကျဆင်းသွားပါသည်။ တစ်ပိသာလျှင် ကျပ်(၂၇၀၀)စျေးအထိရရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် တစ်ပိသာလျှင်ကျပ်(၁၈၅၀)စျေးအထိ တဖြည်းဖြည်း အနည်းငယ်ကျဆင်းလာပါသည်။ ဆိပ်ဖြူကုန်စည်ဒိုင်သို့ ပေါ်စတွင်ကြက်သွန်အဝင် နည်းသော်လည်း ယခုအချိန်မှာတွင် တစ်ရက်လျှင် ပျမ်းမျှအနေဖြင့် ပိသာ(၅)သောင်းနှင့် ပိသာ(၁)သိန်းကြားဝင်ရောက်၍ အရောင်း အဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News