Local News

တရုတ်ဝယ်လိုအားကောင်းသဖြင့် နှမ်းစျေးကွက်အရောင်းသွက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း အဓိကစိုက်ပျိုးသည့်သီးနှံတွင် တစ်ခုအပါအဝင်ဖြစ်သည့် နှမ်းသီးနှံသည် ဧကအားဖြင့်(၁၂၅၉၄၅၈)ဧကအထိ စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်ဧကများသလို ထွက်ရှိသည့်သီးနှံလည်းများပါသည်။ နှမ်းသီးနှံအားရောင်စုံစိုက်ပျိုးကြသလို နှမ်းမျိုးကွဲများစွာလည်း ဒေသအလိုက်စိုက်ပျိုးကြပါသည်။ ထွက်ရှိသည့်နှမ်းများမှာ နှမ်းနက်(စမုံ)၊ နှမ်းနက် (ရိုးရိုး)၊ နှမ်းနီ၊ နှမ်းညို၊ နှမ်းဖြူအစရှိသကဲ့သို့ နှမ်းရောင်ကွဲများလည်းရှိပါသည်။ 
နှမ်းနက်(စမုံ)သည် အောင်လံနယ်တဝိုက်တွင် အဓိကစိုက်ပျိုးကြပြီး နှမ်းနက်(စမုံ)ရောင်း ဝယ်ဖောက်ကားရာ နေရာလည်းဖြစ်ပါသည်။ နှမ်းနက်(စမုံ)အား တရုတ်မှဝယ်လိုအားကောင်းနေ၍ ယခုရက်ပိုင်းတွင် နှမ်းနက်(စမုံ)စျေးမြင့်တက်လာကာ ကျန်နှမ်းများလည်း ဆီစက်လုပ်ငန်းရှင်များမှ ဝယ်လိုအားကြောင့်လည်း စျေးအနည်းငယ်မြင့်တက်လာပါသည်။ နှမ်းနက်(စမုံ)ကို အောင်လံနယ်မှ ကျေးရွာများမှလည်းကောင်း၊ တောင်တွင်းကြီး၊ ပြည်တို့မှလည်း လာရောက်ကာ အရောင်းအဝယ်ပြုလုပ်ကြပြီး စျေးကွက်ထဲသို့ တစ်ရက်လျှင် ၂၅ ပိသာဝင်အိတ် ၁၀၀၀ မှ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်တစ်ဦးမှသိရှိရပါသည်။ 
နှမ်းစျေးနှုန်းများအနေဖြင့် ဇန်နဝါရီလ ပထမပတ်တွင် နှမ်းနက်(စမုံ)၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၄၀၀၀၀)၊ နှမ်းနီ ၄၅ ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၂၈၀၀၀၀)၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၀၀၀၀၀)၊ ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနက်(စမုံ)၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၅၀၀၀၀)၊ နှမ်းနီ ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၀၀၀၀၀)၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၀၀၀၀၀)၊ ဇန်နဝါရီလ တတိပတ်တွင် နှမ်းနက်(စမုံ)၄၅ပိသာ (၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၆၀၀၀၀)၊ နှမ်းနီ ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၀၀၀၀၀)၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၀၀၀၀၀)၊ ဇန်နဝါရီလ စတုထ္ထပတ်တွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၆၅၀၀၀)၊ နှမ်းနီ ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၂၀၀၀၀)၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၃၀၀၀၀)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News