Local News

ပဲတီစိမ်း(မိုး)အသစ်များ ဈေးကွက်ဝင်ရောက်၍ ဝင်သမျှအရောင်းအဝယ်ဖြစ်

Last Updated:

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်သို့ ဇွန်လဆန်းပိုင်းမှစ၍ ပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာခဲ့ရာ ယခင်နှစ်နှင့်ယှဉ်လျှင် ယခုနှစ်တွင် ပဲတီစိမ်းအသစ်များ ဝင်ရောက်မှုစောလာခဲ့ပြီး ပြည်မြို့ အနီးပတ်ဝန်းကျင်ရှိ ပေါင်းတလည်၊ ပေါက်ခေါင်း၊  မင်းတုန်းနှင့်   ကံမမြို့နယ်များမှ   ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊   ပဲတီစိမ်း   စတင်ပေါ်ချိန်ဖြစ်သည့်အတွက်   တစ်ရက်လျှင်  အိတ်ရေ (တစ်တင်းဝင်)(၂၀၀/၃၀၀ မှ ၄၀၀)ကျော် ဝင်ရောက်ခဲ့ပြီး ဈေးကွက်အနေဖြင့် မန္တလေးဝယ်လက်များမှ အဓိကထား၍ ဝယ်ယူခဲ့ခြင်းကြောင့် ဝင်လာသမျှ ပဲတီစိမ်းအသစ်များ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ပဲတီစိမ်းသီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံသီးနှံများကဲ့သို့ ပဲဈေးကွက်၌ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်နေခြင်းမဟုတ်ဘဲ ပဲထွက်ပေါ်ချိန်၌သာ ရောင်းဝယ်မှုအဖြစ်များသည့် ပဲသီးနှံဖြစ်ရာ ဈေးနှုန်းအနေဖြင့်  ပဲတီစိမ်းအသစ် ပိဿာချိန်(၂၀)တစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News