Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်နေ့ အတွင်း ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ Aluminium Ingot၊ ဆန်၊ Lead Carbonate၊ ကြိမ်၊ ပြောင်းနှင့် ဆန်ကွဲများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၇၀၉၉၈၀.၈၈၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၄ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၅၅၈၆၈၇.၆၄၀ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၁၅၁၂၉၃.၂၄၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်နေ့အတွင်း ချည်ထည်များ၊ လယ်ယာ သုံးနောက်တွဲယာဉ်နှင့်အခြားယာဉ်များ၊ လယ်ထွန်စက်များ၊ မီးဖိုချောင် သုံးပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ပလပ်စတစ်ပိုက်၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်း ခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၁၂၆၇၅၇၄.၆၅၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ ၁၄ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏတန်ဖိုး ၁၂၆၃၀၄၆.၈၁၀ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၄၅၂၇.၈၄ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၅၅၇၅၉၃.၇၇၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်းပြီး ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရ ပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၃ ယွမ် ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၉၁.၅၄ ကျပ်ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News