Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     ဇူလိုင်လ စတုတ္ထအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများတစ်တင်းဈေးနှုန်းမှာ ကုလားပဲဖြူလုံးကြီးတစ်တင်း (၈၅၃၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၅၃၀၀) ကျပ်၊ 929  (၈၅၃၀၀) ကျပ်၊ ထိုင်ဝမ် (၈၅၂၀၀) ကျပ်၊ ဂျုံဖြူသန့် တစ်တင်း (၅၈၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၉၃၀၀၀)ကျပ်၊ မတ်ပဲ (၅၈၀၀၀-၆၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၅၀၀၀-၅၇၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၆၅၀၀)ကျပ်၊ ပဲနီလုံးကြား (၄၈၀၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၅၁၀၀၀) ကျပ်၊ မြေထောက်ပဲ (၁၀၅၀၀၀-၁၁၀၀၀၀) ကျပ်၊ ပုဂံပဲ (၈၅၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၇၁၅၀၀ - ၇၂၀၀၀) ကျပ်နှင့် ပဲကြီးတစ်တင်း (၉၇၀၀၀) ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူအချိန် ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း (၈၃၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၃၅၀၀) ကျပ်၊ 929  (၈၃၅၀၀) ကျပ်၊ ထိုင်ဝမ် (၈၂၅၀၀) ကျပ်၊ ဂျုံဖြူသန့် တစ်တင်း (၅၈၀၀၀) ကျပ်၊ ထွက်တိုး (၅၀၀၀၀)ကျပ်၊ ပဲစင်းငုံ (၉၉၀၀၀)ကျပ်၊ မတ်ပဲ (၅၈၀၀၀-၇၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၅၀၀၀-၅၅၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၆၀၀၀) ကျပ်၊ ပဲနီလုံးကြား (၄၈၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၅၁၀၀၀) ကျပ်၊ မြေထောက်ပဲ (၉၅၀၀၀)ကျပ်၊ ပုဂံပဲ (၈၅၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀) ကျပ်၊ ပဲပုတ်စေ့ (၇၁၅၀၀-၇၃၀၀၀) ကျပ်နှင့် ပဲကြီးတစ် တင်း(၉၇၅၀၀)ကျပ်၊ CPပြောင်းဖူးစေ့(၁၉၀၀၀) ပေါက်ဈေးရှိသည်။ ယခင်အပတ်ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ပဲစဉ်းငုံ၊ ပဲကြီး၊ ပဲနီလုံးနှင့် ပဲကြားသီးနှံများသာ ဈေးကျ၍ ကျန်သီးနှံများ၏ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ပဲတီစိမ်းသေး၊ ပဲယင်းဝါ ဈေးငြိမ်၍ ပဲစင်းငုံ တစ်တင်း (၄၅၀၀) ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၂၅၀၀) ကျပ်၊ ပဲနီလုံးကြား  တစ်တင်းလျှင် (၅၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ပဲကြီးတစ်တင်းလျှင် (၂၅၀၀) ကျပ်၊ ပဲပုတ်စေ့ တစ်တင်းလျှင် (၅၀၀) ကျပ်နှုန်း ကျဆင်းသွားပြီး၊ ဂျုံဖြူသန့်တစ်တင်းလျှင် (၄၅၀၀)ကျပ်၊ ထွက်တိုးတစ်တင်း(၄၀၀၀)ကျပ် မြင့်တက်လာကြောင်း သိရသည်။  CP ပြောင်းဖူးစေ့ဈေးနှုန်းသည် ယခင်အပတ်အတိုင်း တစ်တင်း (၁၉၀၀၀)ကျပ် ရှိ၍ ဈေးငြိမ်လျက်ရှိနေပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News