Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ငါးပါကင်၊ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်အမေရိကန်ဒေါ်လာ (၁၈) သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၂)သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ(၂၀)သန်းဖြစ်ပြီး (၂၂-၇-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ (၂၁.၇၃၅) သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ (၆.၇၄၉)သန်း၊ စုစုပေါင်းအမေရိကန်ဒေါ်လာ (၂၈.၄၈၄) သန်းဖြစ်၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပို့ကုန်လျာထားချက်အပေါ် (၁၂၀.၇၅%)နှင့် သွင်းကုန်လျာထားချက်အပေါ် (၃၃၇.၄၅%) ဖြစ်၍ လျာထားချက်အပေါ် (၁၄၂.၄၂%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိနှင့် သွင်းကုန် (၆၈၁.၉၉၆)တန်၊(၃၀၀၀) BBL၊ သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

 ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၄၅၀.၁၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၅၂၂)သန်း၊ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် (၄၀၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၀၀၅)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၂၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၄၄) သန်း၊ စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၆၇၁)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဖက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ သြဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက် တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၈၇၇၄၈.၉၃၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀.၆၂၂)သန်း အား တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်        အမည်                            အရေအတွက်                 ဈေးနှုန်း

          (၁)     ငါးမုတ်မဲ (100 - 200 gm)     ၁ ကီလိုဂရမ်          ၁.၇၆၈ ဒေါ်လာ

          (၂)     ကဗျက် (100 - 200 gm)       ၁ ကီလိုဂရမ်          ၀.၉၀၆ ဒေါ်လာ

          (၃)     ငါးဇင်းပြား/ ငါးဆီလုံး           ၁ ကီလိုဂရမ်          ၀.၈၇ ဒေါ်လာ

          (၄)     ငါးထောပတ်/ ငါးဆီလုံး        ၁ ကီလိုဂရမ်          ၁.၆၇ ဒေါ်လာ

          (၅)     ပင်လယ်ငါးရံ့ (1 -2 kg)        ၁ ကီလိုဂရမ်          ၁.၆၀ ဒေါ်လာ

          (၆)  ပြည်ကြီးခွေးလျှာ                    ၁ ကီလိုဂရမ်          ၁.၅၆ ဒေါ်လာ

          (၇)     ငါးချဉ်ပေါင်                         ၁ ကီလိုဂရမ်          ၁.၂၈ ဒေါ်လာ

           (၈)    ကက္ကူရံ (1 kg down)           ၁ ကီလိုဂရမ်         ၁.၉၄ ဒေါ်လာ

          (၉)     ငါးရွှေကြင်                           ၁ ကီလိုဂရမ်         ၁.၅၃ ဒေါ်လာ

          (၁၀) ကုလားငူ (1 kg down)            ၁ ကီလိုဂရမ်         ၁.၁၃ ဒေါ်လာ

 သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ခုနှစ်၊ ဇူလိုင်လ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုပစ္စည်း အုပ်စုတွင် (၁၈၃.၃၈၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၈၄) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၉၄.၆၇၉) တန်၊ (၃၀၀၀) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၄၄၄)သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၃၀၃.၉၃၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၃၁)သန်း၊ စုစုပေါင်းအမေရိကန်ဒေါ်လာ (၀.၇၅၉) သန်း တင်သွင်းခဲ့ပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင် ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၂-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၇၇၅) ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၁၂၉)ကျပ်ခန့် (၂၁-၇-၂၀၂၄) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။  စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၅၅၂၅) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၅၉၇၅) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

source: https://commerce.gov.mm
 

Category: Local News