Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၉)ရက်နေ့အထိ ကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၆) ရက်နေ့မှ (၁၉)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန် အမေရိကန် ဒေါ်လာ (၀.၀၈၀၇)သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ(-)သန်း စုစုပေါင်းကုန်သွယ်မှု ပမာဏအမေရိကန် ဒေါ်လာ (၀.၀၈၀၇)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။

တင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၀၀) နှုန်းဖြင့် (၈၈)တန်၊ တန်ဖိုး(၀.၀၀၈၈) ဒေါ်လာသန်း၊ ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၆၅)တန်၊ တန်ဖိုး (၀.၀၀၇၅) ဒေါ်လာသန်း၊ ချင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀) နှုန်းဖြင့်(၂၇)တန်၊ တန်ဖိုး(၀.၀၁၂၂) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၃၀၀) နှုန်းဖြင့် (၂၄)တန်၊ တန်ဖိုး (၀.၀၀၇၂) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၈.၀၁၆)တန်၊ တန်ဖိုး (၀.၀၁၀၀) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၁၈.၂၄)တန်၊ တန်ဖိုး (၀.၀၂၃၃) ဒေါ်လာသန်း ငါးမြစ်ချင်း (၃-၅)(၁) တန်လျှင် အမေရိကန်ဒေါ်လာ(၁၃၂၀) နှုန်းဖြင့် (၅.၃၇၆)တန်၊ တန်ဖိုး(၀.၀၀၇၁)ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၁.၉၆၈)တန်၊ တန်ဖိုး (၀.၀၀၂၈) ဒေါ်လာသန်းနှင့် ဆီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၇)တန်၊ တန်ဖိုး (၀.၀၀၁၈) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် တင်သွင်းနိုင်မှုမရှိကြောင်း သိရှိရသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၆.၅)တာကာနှင့်(၁) တာကာလျှင် (၂၈.၅၀)ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ် (၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘော တင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိ ကြောင်းသိရှိရသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီလမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ရေမိုင်(၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများ သွားလာလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ(၁၉)ရက်နေ့အတွင်း ကုန်စည်ပေါက်ဈေး

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၉)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာ ပေါက်စျေးမှာ (၁)တန်လျှင် (၈၇၇၁၉.၃၀) တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၀၅၂၆.၃၂) တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၄၂၆.၈၄)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၃၉၈.၇၇) တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၄၁၄.၇၄)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၂၁.၇၅) တာကာနှင့် သံချောင်း(၁) တန်လျှင် (၆၁၄၀၃.၅၁)တာကာစျေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၈.၅၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိကထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News