Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (19-9-2023) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (19-9-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (0.903) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.305) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (3.208) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (50.000) တန်၊ တန်ဖိုး ကန်ဒေါ်လာ (0.150) သန်း၊ ခဲသွပ်အရောသတ္တု (၁၉၁.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၁၂) သန်း၊ ရေခဲပုစွန် (၆.၈၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၀) သန်း၊ ကြေးနီ (၃၄.၀၀၀) တန်၊ တန်ဖိုး ကန် ဒေါ်လာ (၀.၀၉၆) သန်း၊ ကဏန်း(၂၂.၀၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၈၄) သန်း၊ ကြက်သွန်နီ (၁၁၇.၅၀၀) တန်၊ တန်ဖိုး(၀.၀၇၁)ဒေါ်လာသန်း၊ မြေထောက်ပဲ (၃၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀) သန်း၊ ဆန် (၁၀၁.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၄၅) သန်း၊ သကာရည် (၁၂၇.၀၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၄) သန်းနှင့် ဆန်ကွဲ (၁၀၅.၅၀၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန်ဒေါ်လာ (၁.၀၆၇)သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း တန်ဖိုး ကန်ဒေါ်လာ(၀.၃၄၉) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၈) သန်း ၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၁) သန်း၊ ကာဗွန်မှုန့် တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၂) သန်း၊ သံဘောင် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄) သန်း၊ စတီးပြား တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၃) သန်း၊ ကြက်သံလှောင်အိမ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉)သန်း၊ ဘတ္ထရီ တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၉) သန်းနှင့် ဖလင်ပြား တန်ဖိုးကန် ဒေါ်လာ(၀.၀၂၇) သန်း တို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့မှ (19) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၄.၆၆၉)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၄၂.၇၈၆) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၆၇.၄၅၅) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (287.928) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်း ဖြစ်ပါ သည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိပါသည်။

(၁၉-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (3007.767) နှုန်း၊ ခဲသွပ်အရောသတ္တု (၁)တန်လျှင် ကန်ဒေါ်လာ (၅၈၅.၉၂၀) နှုန်း၊ ရေခဲပုစွန် (၁) တန်လျှင် ကန်ဒေါ်လာ (၁၆၀၉၃.၅၇၃) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန် ဒေါ်လာ (၂၈၂၇.၁၇၉) နှုန်း၊ ကဏန်း (၁)တန်လျှင် ကန်ဒေါ်လာ (၃၈၂၂.၅၈၇)နှုန်း၊ ကြက်သွန်နီ (၁)တန် လျှင် ကန်ဒေါ်လာ (၆၀၅.၀၆၀) နှုန်း၊ မြေထောက်ပဲ (၁)တန်လျှင် ကန်ဒေါ်လာ (၁၄၆၉.၉၄၁)နှုန်း၊ ဆန် (၁) တန်လျှင် ကန်ဒေါ်လာ (၄၄၅.၆၀၃) နှုန်း၊ သကာရည် (၁) တန်လျှင် ကန်ဒေါ်လာ (၃၄၂.၇၇၁) နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် ကန်ဒေါ်လာ (၄၁၁.၃၂၆)နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။ လက်ရှိကာလအနေဖြင့် မန္တလေး- လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Source: https://commerce.gov.mm

 

Category: Local News