Local News

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

   ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှ ဒေသထွက်နေလှန်းဆားများ ဝယ်လိုအားကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ရေကြည်မြို့နယ်မှ နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူထံမှ သိရှိရသည်။ ရေကြည်မြို့နယ်၌ စက်တင်ဘာလဒုတိယပတ်မှစတင်ပြီး နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်နေခြင်းဖြစ်သည်။  ငါးပိ၊ ငါးခြောက်ပြုလုပ်ချိန်ဖြစ်သဖြင့် ဆားအရောင်းအဝယ်ကောင်းမွန်ခြင်းဖြစ်ကြောင်း၊ ဆားတွေကတော့   ဒေသထွက်နေလှန်းဆားများဖြစ်ပြီး တစ်ရက်ကို  နေလှန်းဆားပိဿာ  ၄၀၀၀  ကနေ ၅၅၀၀ အထိ အရောင်းအဝယ် ဖြစ်နေပါသည်။
      အခုလိုဆားအရောင်းအဝယ်ကောင်းလာတော့ ဆားထုတ်လုပ်သည့်လုပ်ငန်းနှင့်ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အဆင်ပြေလျက်ရှိကြောင်း၊ ရေကြည်မြို့နယ်၌ ဒေသထွက် နေလှန်းဆားများကို ဆားလုပ်ငန်းလုပ်ကိုင်သူများက စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း၊အဆိုပါ   ဒေသထွက်နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း သိရှိသည်။
source: https://www.myawady.net.mm

 

Category: Local News