Local News

ပြည်တွင်းချင်းဈေး အတက်ဘက်ဦးတည်နေ

Last Updated:

          ပြည်တွင်းဈေးကွက်အတွင်းမှာ ချင်းဈေးတွေဟာ ၂၀၂၃ ခုနှစ်အတွင်းမှာသိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိမှာ ဈေးကွက်ကအတက်ဘက်ကို ဦးတည်နေတယ်လို့ မြန်မာနိုင်ငံဟင်းသီးဟင်းရွက်နှင့်သီးနှံထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း(MFVP)က ဒုတိယဥက္ကဋ္ဌ ဦးကျော်သူကပြောပါတယ်။ လက်ရှိပြည်တွင်းချင်းဈေးကွက်ဟာ တစ်ခါမှမကြားဘူးတဲ့ဈေးတွေဖြစ်နေတာကြောင့် တောင်သူအများစုကလည်းချင်းကို ပိုမိုစိုက်ပျိုးလာတဲ့အနေအထားတွေရှိတယ်လို့ဆိုပါတယ်။

        ဈေးကျချိန်အခါက ချင်း တစ်ပိဿာကို ၄၅၀ ကျပ်ကနေ ၈၀၀ ကျပ်ဝန်းကျင်လောက်အထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းမှာတော့ ၁၈၅၀ ကျပ်ကနေ ၅ ထောင်လောက်အထိရှိခဲ့ရာကနေ အခုလက်ရှိကျပ် ၈၅၀၀ အထိမြင့် တက်လာတာဖြစ်တယ်လို့ပြောပါတယ်။ ပြည်တွင်းချင်းအစိုကို ပြည်ပပို့ကုန်အဖြစ်တင်ပို့တာဟာ ဘင်္ဂလားဒေ့ချ်နိုင်ငံကအများဆုံးဖြစ်ပြီး အခြားနိုင်ငံ တွေကို အနည်းငယ်သာတင်ပို့ရကာ ချင်းအခြောက်ကိုတော့ ဂျာမနီနိုင်ငံကိုတင်ပို့နေတာရှိတယ်လို့ သိရပါတယ်။

Source: https://t.me/htwettoe

Category: Local News