Local News

ယခုဘဏ္ဍာနှစ်မှစတင်၍ သီလဝါအထူးစီးပွားရေးဇုန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လျှစ်စ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သွားမည်

Last Updated:

          ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ သီလဝါအထူးစီးပွားရေးဇုန်တွင် ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်(Renewable Energy) ဖြင့် လျှစ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Myanmar Thilawa SEZ Holdings Public Co., Ltd-MTSH ၏ သတင်းများအရ သိရသည်။

          သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး Solar Energy ကို အသုံးပြု၍ လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်ရန်အတွက် Myanmar Thilawa SEZ Holdings Public Co., Ltd-MTSH သည် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် အစုရှယ်ယာအများဆုံးရောင်းချပေးနေရသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ယခင်က ကိုဗစ်ရောဂါဖြစ်စဉ်များကြောင့် သီလဝါအထူးစီးပွားရေးဇုန်တွင် မြေယာနှင့် စက်ရုံဌားရမ်းမှု၊ ‌ရောင်းချမှုများမရှိခဲ့ဘဲ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများဖြင့်သာ ဆောင်ရွက်နေခဲ့ကြောင်း သိရသည်။

          ယခုအခါ ကိုဗစ်ရောဂါဖြစ်စဉ်များကို အတိုင်းအတာတစ်ခုထိထိန်းချုပ် ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့်ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်၏ မြေယာနှင့် စက်ရုံဌားရမ်း၊ ရောင်းချမှုများနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ ဆောင်ရွက်လာခဲ့ကြောင်း သိရသည်။

          ထို့ကြောင့် ယခုအခါ သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသူများ၏ မြေယာနှင့် စက်ရုံဌားရမ်း၊ ရောင်းချခြင်းနှင့်ဆိုင်သည့် စုံစမ်း မေးမြန်းမှုများကို စတင်လက်ခံရရှိနေပြီဖြစ်ကြောင်း၊ ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီအနေဖြင့်လည်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို များပြားလာစေရေးနှင့် ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက်နေကြောင်း Myanmar Thilawa SEZ Holdings Public Co., Ltd-MTSH ၏ သတင်းများအရ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News