International News

ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံက တရုတ်နိုင်ငံကို ကမ္ဘာ့ဈေးကွက်နှင့် ပိုမိုကောင်းမွန်စွာပေါင်းစည်းရေးအထောက်အကူပြု

Last Updated:

     တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ကော်ယွမ်ဆိပ်ကမ်းသည် နိုင်ငံတကာကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန် တန်းစီစောင့်ဆိုင်းနေကြသော စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်တန်းများဖြင့် အလုပ်များပြားလျက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါ စင်္ကြံသစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်းရှိ   ပြည်နယ်အဆင့်ဒေသများနှင့်   အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား  ပူးတွဲတည်ဆောက်ထားသော   ကုန်သွယ်ရေးနှင့်   ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း  တစ်ခုဖြစ်သည်။ထိုစင်္ကြံသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်ရှိ အဓိကစီမံကိန်းများအနက် တစ်ခုလည်း ဖြစ်သည်။

     “ကုန်သွယ်ရေးစင်္ကြံသစ်က ပိုမိုထိရောက်တဲ့နည်းလမ်းတစ်ခုအဖြစ် ပံ့ပိုးပေးထားတာကြောင့် ကမ္ဘာ့ဈေးကွက်ဆီသွားဖို့ အထောက်အကူပြုပေးပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်မှုကိုကြီးမားစွာ မြှင့်တင်ပေးတယ်” ဟု ချုံချင့်မြို့အခြေစိုက် ဦးဆောင်မော်တော်ကားထုတ်လုပ်သူ Changan Automobile ကုမ္ပဏီလီမိတက်၊ ထောက်ပံ့သယ်ပို့ဌာန အကြီးတန်းမန်နေဂျာ Wang Di က ပြောကြားခဲ့သည်။ အရှေ့တောင်အာရှဈေးကွက်သို့ ကျယ်ပြန့်စွာတိုးချဲ့ရေးမဟာဗျူဟာအဖြစ် ကုမ္ပဏီက ၂၀၂၄ ခုနှစ်၌ ထိုင်းနိုင်ငံတွင် စက်ရုံသစ်တည်ဆောက်မည်ဖြစ်ကာ နှစ်စဉ် ကားအစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်မည်ဟု မျှော်မှန်းထားသည်။ “၂၀၃၀ ပြည့်နှစ်မှာ ကားအစီးရေ ၁.၂ သန်းနီးပါးအထိ တင်ပို့နိုင်ပြီး ပြည်ပဈေးကွက်က စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ရှိလာဖို့ မျှော်မှန်းထားပါတယ်” ဟု Wang က ဆိုသည်။ 

Source: https://xinhuamyanmar.com

Category: International News