Local News

ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးနှုန်းဈေးကွက်

Last Updated:

     မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့သို့ ကြက်သွန်နီ နေ့စဉ်ကုန်ချိန်ပိဿာ လေးသောင်းခန့်၊ တစ်ပတ်အတွင်း စုစုပေါင်းပိဿာ သုံးသိန်းခန့်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေးထိပ်စ(ရှယ်) ၁၇၂၅ ကျပ် မှ ကျပ် ၁၈၅၀၊ အလတ်စ ကျပ် ၁၆၅၀ မှ ကျပ် ၁၇၀၀၊ အနိမ့်ဈေး ကျပ် ၁၆၀၀ မှ ကျပ် ၁၅၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ ဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေးထိပ်စ ကျပ် ၁၈၀၀ မှ ၁၈၇၅ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

       ဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့ရှိ ကြက်သွန်နီများကို ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့အများဆုံး ကုန်စည်စီးဆင်းလျက်ရှိကြောင်း သိရသည်။ ဇူလိုင်လတတိပတ်အတွင်း ကြက်သွန်နီစုစုပေါင်း ပျမ်းမျှပိဿာချိန် လေးသန်းခန့်၊ အိတ်ရေအားဖြင့် ၁၃၃၃၂ အိတ်၊ တန်ချိန်အားဖြင့် ၆၅၃ တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News