Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၀၄၀)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၄)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၁၄၄) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ မှ ဇူလိုင်လ (၂၂) ရက်နေ့ မှ (၂၃) ရက်နေ့ အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့်  ငရုတ်သီး (၆၀.၇၄၀) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၃၅.၄၀၀) တန်၊ တန်ဖိုး (၀.၁၂၉) ဒေါ်လာသန်း၊ ကွမ်းသီးခြောက် (၃၆၀.၀၀)တန်၊ တန်ဖိုး(၀.၅၄၀) ဒေါ်လာသန်း၊ ငှက်ပျောသီး (၁၅.၀၀)တန်၊ တန်ဖိုး(၀.၀၀၅) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၂၉.၅၈၅)တန်၊ (၀.၀၅၀)ဒေါ်လာသန်း ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန် နှင့် အခြားရေထွက်ပစ္စည်းများ (၁၉၁.၃၁၀) တန်၊ တန်ဖိုး (၀.၂၇၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှု အနေဖြင့် ရင်းနှီးမြုပ်နှံမှုကုန်ပစ္စည်းများ(၁၃၂.၀၀)တန်၊ (၀.၀၁၁)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းများ (၈၂.၇၀၀)တန်၊ တန်ဖိုး (၀.၀၈၂)ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းများ (၁၀.၀၀၀) တန်၊ (၆၇၂၀၀၀)2U၊ (၁၀၀)U၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်  ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းများမှာ ငါးမျိုးစုံ(၈၆၄.၀၁၃)ဒေါ်လာနှုန်း၊ ပုစွန်(၁၃၀၆.၀၆၇)ဒေါ်လာနှုန်း၊ ကဏန်း (၂၂၅၄.၀၉၈)ဒေါ်လာ နှုန်း၊ ကင်းမွန် (၁၅၉၂.၁၄၅)ဒေါ်လာနှုန်း၊  ငရုတ်သီး(၅၉၃.၁၄)ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၉၉)ဒေါ်လာ နှုန်း   ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ -  ကျောက်မှုန့် (၇၉) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ ကာဗွန်မှုန့် (၂၃၅၅) ဒေါ်လာ နှုန်း၊ ကော်ဇော (၅၇၁) ဒေါ်လာနှုန်း  ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၆၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။
မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၃-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၇၆၉) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၃၀) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

source: https://commerce.gov.mm

Category: Local News