Local News

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀-၉-၂၀၂၃ မှ ၂၄-၉-၂၀၂၃ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၂၁၂.၂၅) တန်နှင့် ပြောင်း (၉၄၀.၀၀) တန် တင်ပို့နိုင်ခဲ့သည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈) ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ် တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄) ဒေါ်လာနှင့် ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိကြောင်း သိရှိရသည်။

ယခုအပတ်အတွင်း သွင်းကုန်ပိုင်း အနေဖြင့် တာယာ (၂၈၀) ခု၊ ပိတ်လိပ် (၁၀၄.၆၅) တန်၊ ပီနံအိတ် (၇၈.၀၀) တန်၊ ချည် (၃၃.၅၀) တန်၊ ပလပ်စတစ်လိပ် (၃၆.၀၀) တန်၊ ပတ္တာကြိုး (၁၄.၉၄) တန်၊ ပိုက် (၇.၁၀) တန်နှင့် ကုန်စုံ (၁၆၃.၀၀) တန် တင်သွင်းနိုင်ခဲ့သည်။ သွင်းကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် သဘာဝမြေဩဇာ (Organic Fertilizer) တစ်တန် လျှင် (၂၅၀) ဒေါ်လာ၊ ကွန်ပေါင်းဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာနှင့် မြက်ခင်းတု တစ်တန်လျှင် (၆၃၀) ဒေါ်လာရှိကြောင်း သိရှိရသည်။ လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၂၄-၉-၂၀၂၃ ရက်နေ့တွင် (၁)ယွမ်လျှင် (၄၆၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News