International News

ဘန်ကောက်လေကြောင်းလိုင်းကို အသုံးပြုသော ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်မတက်မီ ကိုယ်အလေးချိန် ချိန်ရန်လိုအပ်

Last Updated:

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဘန်ကောက်လေကြောင်းလိုင်းကို အသုံးပြုသော ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်မတက်မီ ကိုယ်အလေးချိန်ချိန်ရန် လိုအပ်မည်ဖြစ်ပါသည်။ လေကြောင်းလိုင်းမှ ထုတ်ပြန်ခဲ့သော ကြေညာချက်အရ နိုင်ငံတကာလေကြောင်းလိုင်းအဖွဲ့၏ စံသတ်မှတ်ချက်များနှင့်အညီ လေယာဉ်ခရီးစဉ် လုံခြုံစိတ်ချရေးအတွက် လေယာဉ်စတင်ထွက်ခွာသည့် အလေးချိန်ကို တိုင်းတာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကိုယ်အလေးချိန်ကို လေယာဉ်ပေါ်မတက်မီ ထွက်ခွာဂိတ်ပေါက် (Departure Gate) တွင် တိုင်းတာမည်ဖြစ်ပြီး ခရီးသည်အားလုံးမှ ပူးပေါင်းဆောင်ရွက်ပါရန် လေကြောင်းလိုင်းက မေတ္တာရပ်ခံထားပါသည်။ ဘန်ကောက်လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေယာဉ်ကွင်းမှ ထိုင်း ၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ လာအို၊ မော်လ်ဒိုက်ဗ်၊ မြန်မာ၊ စင်ကာပူနှင့် ဗီယက်နမ်တို့သို့  ပျံသန်းလျက်ရှိပါသည်။

ယခုနည်းလမ်းကို ကိုရီးယားလေကြောင်းလိုင်းနှင့် နယူးဇီလန်လေကြောင်းလိုင်းတို့ကလည်း ကျင့်သုံးခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.thaipbsworld.com

https://commerce.gov.mm

Category: International News