Local News

မြေပဲဆံဈေးတစ်ရိပ်ရိပ်တက် နေမှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံများ အများဆုံးစိုက်ပျိုးသည့် တိုင်းတစ်တိုင်းဖြစ်သည်နှင့်အညီ ဆီအိုးကြီးဟုပင် တင်စားခေါ်လောက်သည်အထိ စိုက်ပျိုးထွက်ရှိပါသည်။ ဆီထွက် သီးနှံတစ်ခုဖြစ်သည့် မြေပဲသီးနှံသည် ယခင်နိုဝင်ဘာလတွင် ဈေးကျဆင်းနေပြီး ယခုဒီဇင်ဘာလတွင် တရုတ်ဝယ်လိုအားကြောင့် ဈေးတစ်ရိပ်ရိပ်တက်နေကာ အရောင်းအဝယ်လည်းသွက်နေပါ သည်။  

ယခင်နိုဝင်ဘာလတွင် မြေပဲလုံးဆံ (နီ) တစ်ပိသာလျှင် (၅၅၀၀/ ၅၆၀၀/ ၅၈၀၀/ ၅၉၀၀/ ၆၀၀၀) ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ မြေပဲလုံးဆံ(ဖြူ) တစ်ပိသာလျှင် (၅၅၀၀/ ၅၆၀၀/ ၅၈၀၀/ ၅၉၀၀)ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ယခုဒီဇင်ဘာလတွင် မြေပဲလုံးဆံ(နီ) တစ်ပိသာလျှင် (၅၅၀၀/၅၆၀၀/၅၈၀၀/၅၉၀၀/၆၀၀၀/ ၆၁၀၀/၆၇၀၀/၆၈၀၀/၇၀၀၀/၇၅၀၀) ဈေးများ၊ မြေပဲလုံးဆံ (ဖြူ) တစ်ပိသာလျှင် (၅၅၀၀/၅၆၀၀/ ၅၈၀၀/၅၉၀၀/၆၀၀၀/၆၃၀၀/၆၅၀၀) ဈေးများအထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက မြေပဲဆံတစ်ပိသာလျှင် ကျပ်(၁၀၀၀) မှ (၁၅၀၀) အထိ ဈေးမြင့်တက်ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News