Local News

မြစ်သားကြက်သွန်နီအပင်စိုက်များစတင်ထွက်ပေါ်နေပြီးဈေးကောင်းရနေမှုအခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ လွန်ကျော်၊ ပေတော၊ စမြှောင် ကျေးရွာများတွင် ရွှေဖလားမျိူး ကြက်သွန်နီများကို  စိုက်ပျိုးကြသည်။ တစ်ဧကကုန်ကျစရိတ်မှာ ၃၀ သိန်းမှ ၄၀ သိန်းထိ ကုန်ကျပြီး၊ စိုက်ခင်းများ ရောဂါပိုးဝင်လျှင် သွင်းအားစုပိုများ၍ ရောဂါပိုးမရှိလျှင် အကုန်အကျသက်သာပြီး သွင်းအားစုနည်းကြောင်း ကြက်သွန်နီစိုက်တောင်သူများထံမှ သိရသည်။

ယခုအခါ တော်သလင်းလဆန်းပိုင်းကစိုက်သော အပင်စိုက်ကြက်သွန်နီများစတင်ထွက်ပေါ်နေပြီး၊ ပွဲစား၊ ကုန်သည်များမှ ကျေးရွာစိုက်ခင်းများအထိဆင်း၍ ဝယ်ယူနေပြီး၊ တစ်ပိဿာလျှင် တောဈေး ၂၅၀၀ မှ ၂၈၀၀ နှုန်းဖြင့်ဝယ်ယူနေကြောင်း၊ တစ်ဧကအထွက်နှုန်း ပျမ်းမျှ ကုန်ချိန် ၂၅၀၀ မှ ၃၀၀၀ နှုန်းထွက်ရှိကြောင်း ပွဲစားများမှဝယ်ယူသော ကြက်သွန်နီများကို  ကျောက်ဆည်နှင့် မန္တလေးပွဲရုံများသို့ တင်ပို့ကြောင်း၊ ယခုနှစ်တွင် သွင်းအားစုများ မြင့်တက်သော်လည်း ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း ပေတောကျေးရွာ  ကြက်သွန်နီစိုက်တောင်သူ ဦးဇော်ဝင်းထွန်း၏ ပြောပြချက်အရသိရသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News