Local News

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ထောပတ်နီ(အပြားကြီး) များ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ထောပတ်နီ(အပြားကြီး) များဝယ်ယူမှုကောင်းလာခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီဝင်းက ပြောပြသည်။ ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် လက်ရှိ မတ်လဒုတိယပတ်မှ စတင်ပြီး မတ်လ ၂၇ ရက်နေ့ထိ ထောပတ်ပဲနီ(အပြားကြီး)များ ဝယ်ယူမှုအားကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ထောပတ်ပဲနီ (အပြားကြီး) ၁၆ ပြည်ဝင် အိတ်ရေ ၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ထိုသို့ ထောပတ်ပဲနီ(အပြားကြီး) ဝယ်ယူမှု ကောင်းလာခြင်းသည် ပြည်တွင်းဈေးကွက်တွင် အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ “လက်ရှိ ဒေသဈေးကွက်မှာ အခြားပဲတွေထက် ထောပတ်ပဲနီ (အပြားကြီး)က ပိုပြီးဝယ်ယူမှုကောင်းလာပါတယ်။ ပြည်တွင်း ဈေးကွက်က ထောပတ်ပဲနီ(အပြားကြီး)တွေ ဝယ်ယူမှုကောင်းနေလို့ အရောင်းကောင်းလာတာဖြစ်ပါတယ်။ ပြည်ပ ပဲဈေးကွက်ကို ပြန်တင်ပို့နေလို့ အခုလို ဝယ်ယူမှုအားကောင်းလာတာဖြစ်ပါတယ်။ လက်ရှိထောပတ်ပဲနီ(အပြားကြီး)ကို စိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေ ရောင်းအားကောင်းနေပါတယ်” ဟု ဟင်္သာတမြို့နယ် ပဲအမျိုးမျိုး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီဝင်းက ပြောပြသည်။ ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် အရောင်းအဝယ်‌ကောင်းနေသည့် ထောပတ်ပဲနီ(အပြားကြီး) ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၈၅၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News