Local News

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါး ရရှိထား

Last Updated:

     ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ (၁၄) ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါးရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းကဲ့သို့ ပြည်ပပဲမျိုးစုံတင်ပို့မှုမှ မတ်ပဲတင်ပို့မှုသည် တန်ချိန် တစ်သိန်းခြောက်သောင်းကျော်နှင့် ပဲတီစိမ်းတင်ပို့မှုသည် တန်ချိန် တစ်သိန်း ခုနှစ်သောင်းကျော်ဖြင့်  အများဆုံးတင်ပို့ထားခြင်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းအချက်အလက်များအရ သိရသည်။

     ပြည်ပတင်ပို့မှု  လမ်းကြောင်းများအနေဖြင့်  ပင်လယ်ရေကြောင်းမှ  လေးသိန်းနှစ်သောင်းကျော်နှင့်  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ခုနှစ်သောင်းတစ်ထောင်ကျော် တင်ပို့ထားပြီး  ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈၉ ဒသမ ၈၂၀ သန်း ရရှိထားကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံတင်ပို့မှုသည်လည်း အဓိက ပို့ကုန်တစ်မယ်ဖြစ်ပြီး အဓိက သီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည်  ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

Source: Popular News Journal

Category: Local News