International News

စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း တဲဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Last Updated:

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တဲဟုန်ပြည်နယ်ပြည်သူ့ အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံခဲ့သည်။

  တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးကိစ္စရပ်များ၊ ပို့ကုန်အမယ်သစ်များ တိုးမြှင့်တင်ပို့ရာတွင် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)၏ ခွင့်ပြုချက်ရရှိရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ (၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်း ညှိနှိုင်းရေးကော်မတီအစည်းအဝေးကျင်းပနိုင်ရေးကိစ္စရပ်များ၊ (၂၀) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

   အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: International News