International News

တရုတ်-လာအို ရထားလမ်းကြောင့် ထိုင်းဒူရင်း တင်ပို့မှုမြင့်တက်

Last Updated:

လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များနှင့် ပို့ဆောင်သည့်ကြာချိန် လျော့ကျသွားခြင်းတို့ကြောင့် ယခုနှစ် ပထမငါးလတွင် ထိုင်း-တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှု ၃၆၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ထိုင်း-တရုတ်-လာအို ရထားလမ်းကြောင်းသည် ထိုင်းကုန်ပစ္စည်းများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် အခွင့်အလမ်းသာနေစေသည်။ ပို့ဆောင်ချိန်ကို ကုန်းလမ်းမှ ထရပ်ကားဖြင့် ပို့ဆောင်ပေးခဲ့ရစဉ်က နှစ်ရက်ကြာမြင့်ခဲ့သည်။

ယခုအခါ ရထားဖြင့်ပေးပို့ရာ၌ ၁၅ နာရီအောက်သာ ကြာတော့သည်။ တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲခဲ့သည်။ လာအိုနယ်စပ်အနီး နွန်ခိုင်ကုန်းတွင်းဆိပ်ကမ်းမှ တစ်ဆင့်နယ်ခြားကို ဖြတ်ကျော်သည့် ပို့ကုန်စုစုပေါင်း တန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် ဘတ် ၉၀.၄၁ (ကန်ဒေါ်လာ ၂.၅၅ သန်း) ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဘတ် ၁.၉၆ ဘီလီယံ (ကန်ဒေါ်လာ ၅၅ သန်း) သို့ ခုန်တက်သွားသည်။

ထိုင်းမှတင်ပို့သော ဒူရင်းအပါအဝင် အသီးများသည် အာဆီယံ-တရုတ် လွတ်လပ်ကုန်သွယ်ရေး ဧရိယာနှင့်ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)တို့မှ ခံစားခွင့်များကို ရရှိသည်။ တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ဇန်နဝါရီမှ မေလအတွင်း ထိုင်းဘတ်ငွေ ၂ ဒသမ ၈၄ ဘီလီယံ (ဒေါ်လာ ၈၀ ဒသမ ၂၂ သန်း) ရှိခဲ့ပါသည်။ ယင်းတွင် ၇၂% သည် လတ်ဆတ်ဒူရင်းသီးများ တင်ပို့ခဲ့ခြင်းဖြစ်သည်ဟု ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန Department of Trade Negotiations (DTN) က ပြောကြားသည်။

Source: bangkokpost 

https://www.foodindustrydirectory.com.mm

Category: International News