International News

အိန္ဒိယနိုင်ငံ ကြက်သွန်ခွန်ကြောင့် မြန်မာအပါအဝင် ၉ နိုင်ငံမှ ကြက်သွန်နီ တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီးစိမ်းပြ

Last Updated:

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံအပြင် နိုင်ငံ ၉ နိုင်ငံထံမှ ကြက်သွန်နီတင်သွင်းရန် ခွင့်ပြုလိုက်သည်။ ၎င်းခွင့်ပြုမိန့်အရ တရုတ်၊ အီဂျစ်၊ ပါကစ္စတန်၊ ကာတာ၊ တူရကီ၊ မြန်မာ၊ ထိုင်း၊ နယ်သာလန်နှင့် ယူအေအီးတို့မှ ကြက်သွန်နီ တန်ချိန် ၂၁,၅၈၀ တင်သွင်းခွင့် ရရှိမည်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံမှ ကြက်သွန်နီကို တန်ချိန်အများဆုံးကို တင်သွင်းမည်ဖြစ်ပြီး တန်ချိန် ၁၁၈၂၀ တင်သွင်းရန် လျာထားသည်။ မြန်မာနိုင်ငံမှ ကြက်သွန်နီကို တန်ချိန် ၂၀၀ အထိ တင်သွင်းရန် ခွင့်ပြုထားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ အိန္ဒိယနိုင်ငံထံမှ ကြက်သွန်နီတင်သွင်းလျက်ရှိရာ၌ အိန္ဒိယအစိုးရက ကြက်သွန်နီ ပို့ကုန်အခွန် ၄၀% စည်းကြပ်ရန် ပြဋ္ဌာန်းလိုက်သဖြင့် ဘင်္ဂလားဒေ့ရှ်ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ နေ့ချင်းညချင်း ဈေးထိုးတက်သွားခဲ့သည်။

သို့ဖြစ်ရာ ကုန်ဈေးနှုန်း ထိန်းရန်အတွက် နိုင်ငံ ၉ နိုင်ငံမှ ကြက်သွန်နီများ တင်သွင်းရန်ခွင့်ပြုမိန့် ထုတ်ပြန်ပေးခဲ့သည်။ ပြည်ပမှ တင်သွင်းသည့် ကြက်သွန်နီ လက်လီဈေးသည် ဩဂုတ်လ ၂၄ ရက်တွင် တစ်ကီလိုလျှင် တာကာ ၇၀ မှ ၇၅ ကြားရှိပြီး လွန်ခဲ့သည့် တစ်ပတ်က တာကာ ၅၅-၆၀ မှ ဈေးတက်လာခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းထွက် ကြက်သွန်နီများလည်း ဈေးလိုက်တက်ကုန်သည်။

ပြည်တွင်းထွက် ကြက်သွန်နီအမျိုးမျိုးတို့၏ လက်လီဈေးနှုန်းများမှာ လွန်ခဲ့သည့်တစ်ပတ်က တစ်ကီလိုလျှင် တာကာ ၆၅ မှ ၈၀ ကြားရှိခဲ့ရာမှ ဩဂုတ်လ ၂၄ ရက်တွင် တာကာ ၈၀ မှ ၈၅ ကြား ဖြစ်လာသည်။ ပြည်တွင်း ကြက်သွန်နီအထွက်နှုန်းကျဆင်းမှုကြောင့် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေသည်ကို လျော့ကျစေရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ယခုနှစ် ဇွန်လ ပထမပတ်မှ စတင်ကာ ကြက်သွန်နီ တင်သွင်းခွင့်ပြုထားသည်။ တန်ချိန် ၁၃.၇ သိန်းအထိ ခွင့်ပြုထားပြီး ကုမ္ပဏီများက တန်ချိန် ၃.၇၉ သိန်း တင်သွင်းထားပါသည်။

Source the daily star

https://www.foodindustrydirectory.com.mm

Category: International News