International News

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်ရောင်းချမှု ပထမ ၇ လအတွင်း မြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုများမှာ ယခုနှစ် ပထမ ၇ လအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်းမှ အချက်အလက်များအရ သိရသည်။
စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ ရောင်းချမှုသည် အဆိုပါ ကာလအတွင်း အစီးရေ ၂.၂၆ သန်း ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၅.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ထုတ်လုပ်မှုပမာဏ အစီးရေ ၂.၂၅ သန်း ရှိခဲ့ပြီး ၁၆.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အသင်း၏ အချက်အလက်များ၌ ဖော်ပြထားသည်။

အဝေးပြေးမော်တော်ကားများနှင့် ထရပ်ကားများ ထုတ်လုပ်၊ ရောင်းချမှုများအနေဖြင့်လည်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဂဏန်းနှစ်လုံး တိုးတက်လာခဲ့ကြောင်း၊ အဝေးပြေးမော်တော်ကား ရောင်းချမှုမှာ အစီးရေ ၂၆၂,၀၀၀ ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၅.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားဖြစ်မော်တော်ယာဉ်ရောင်းချမှုမှာ ဇူလိုင်လတစ်လတည်းတွင်ပင် အစီးရေ ၂၈၇,၀၀၀ ရှိခဲ့သဖြင့် ယခင်နှစ် အလားတူကာလထက် ၁၆.၈ ရာခိုင်နှုန်း ပိုများခဲ့သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ တင်ပို့မှုအနေဖြင့် ဇန်နဝါရီမှ ဇူလိုင်အတွင်း အစီးရေ ၄၁၇,၀၀၀ အထိ ရောက်ရှိခဲ့ကာ ယမန်နှစ်ကထက် ၃၂.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။

Source: https://xinhuamyanmar.com

Category: International News