Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန် လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၃၁၆၇) တန်၊ လောင်စာတောင့် ဈေးနှုန်း တစ်တန်လျှင်(၁၆၈၀) ယွမ်/ (၂၃၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၅၀.၀၀၀) တန်နှင့် Iron Concentrate (Fe-64.512% / Fe-60.751%) ဈေးနှုန်း တစ်တန်လျှင် (၁၀၂) ဒေါ်လာတို့ဖြင့် တန်ချိန် (၄၄၀) တန် တင်ပို့နိုင်ခဲ့သည်။

အများဆုံးသွင်းကုန်ပစ္စည်းများ အနေဖြင့် သံပြားလိပ် (Iron Sheet In Coil) ဈေးနှုန်း တစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၂၄.၂၀၀)တန်၊ သံမှို(Iron Nail) ဈေးနှုန်း တစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၃၃.၀၀၀) တန်၊ သံပိုက် (Iron Pipe) ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၆၇.၅၀၀) တန်၊ မြက်ခင်းတု (Artificial Grass) ဈေးနှုန်း တစ်တန်လျှင်(၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၈၃.၀၀၀)တန်၊ ပန်းသီး တစ်တန်လျှင် (၄၂၃)ဒေါ်လာဖြင့်  တန်ချိန် (၃၂.၇၀၀) တန်၊ လိမ္မော်သီး တစ်တန်လျှင် (၂၃၀) ဒေါ်လာဖြင့်  တန်ချိန် (၆၃.၉၀၀) တန်၊ ကြွေပြား (Ceramic Tile Plain) ဈေးနှုန်း တစ်စတုရန်းမီတာလျှင် (၄.၁) ဒေါ်လာဖြင့် (၁၈၆၇၆) စတုရန်းမီတာ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ) တင်သွင်းလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News