Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှ(၂၁)ရက်နေ့အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိအကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ(၀.၀၆၉၂)သန်းနှင့်သွင်းကုန်တင်သွင်းမှုမရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်ဂျင်း(အစို) (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀) နှုန်းဖြင့် (၈)တန်၊ တန်ဖိုး (၀.၀၀၃၆) ဒေါ်လာသန်း၊ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၁၅.၈၈၈)တန်၊ တန်ဖိုး (၀.၀၁၉၉) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၁၀.၇၅၂)တန်၊ တန်ဖိုး (၀.၀၁၃၇) ဒေါ်လာသန်းနှင့်ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၂၄.၂၄၀)တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်းတို့တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်တင်သွင်းနိုင်မှုမရှိပါ။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၂၃.၀၀)တာကာနှင့် (၁)တာကာလျှင် (၂၇.၇၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာလျက်ရှိပါသည်။

ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၏ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၁၈) ရက်နေ့မှ(၂၁)ရက်နေ့အတွင်းကုန်စည်ပေါက်ဈေး

၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာပေါက်စျေးမှာ (၁)တန်လျှင် (၉၀၂၅၂.၇၁)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၀၈၃၀.၃၂)တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၄၃၉.၁၇)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၄၁၀.၂၉)တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၄၂၆.၇၁)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၃၃.၂၁)တာကာနှင့် သံချောင်း (၁)တန်လျှင် (၆၃၁၇၆.၉၀)တာကာစျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၇.၇၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက်အဓိကထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကိုတင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်းကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News