Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (နိုဝင်ဘာလ ၁ ရက် မှ ၂၁ ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ (၁.၁၈၂) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၃.၆၉၆) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၄.၈၇၈) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၁-၁၁-၂၀၂၃) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၁၀၅) တန်၊တန်ဖိုး (၀.၀၅၉)ဒေါ်လာသန်း၊ စက္ကူဖြတ်စ(၃၆)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း စုစုပေါင်း(၀.၀၆၃)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၂၅) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိက တင်သွင်းလျက်ရှိပြီး (၂၁-၁၁-၂၀၂၃) ရက်တွင် ကွန်ကရစ်အမိုးပြား (၀.၀၂၆) ဒေါ်လာသန်း၊ ဘိလပ်မြေ မျက်နှာကျက်ပြား(၀.၀၁၅)ဒေါ်လာသန်း၊မီးခံအုတ်(၀.၀၂၉)ဒေါ်လာသန်း၊​ ကြွေပြား(၀.၀၂၆) ဒေါ်လာ သန်း၊ဘိလပ်မြေ(၀.၀၁၉)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ဘူးခွံ (၀.၀၀၁) ဒေါ်လာသန်း၊ မှန်ချပ်(၀.၀၀၀၄) ဒေါ်လာသန်းအပါအဝင်(၀.၁၈၀) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News