International News

တရုတ်နှစ်သစ်ကူး အကြိုကာလ ကမ္ဘောဒီးယား လုံငန်းသီး တရုတ်ပြည်သို့ တင်ပို့မှု မြင့်တက်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံ ပိုင်လင်းပြည်နယ် အခြေစိုက် တရုတ်လုပ်ငန်း China Jinkwoayuan Import Export (Cambodia) သည် ပိုင်လင်း လုံငန်းသီးများ တရက်လျှင် တန်ပေါင်း ၁၀၀ ကျော် တရုတ်ပြည်သို့ တင်ပို့လျက်ရှိသည်။ နွေဦးပွဲတော် တရုတ်နှစ်သစ်ကူး အလုပ်ပိတ်ရက်ရှည် မတိုင်ခင် ကမ္ဘောဒီးယား လုံငန်းသီးများ အဝယ်လိုက်နေသည်ကို အလျဉ်မီအောင် ပေးပို့နေခြင်း ဖြစ်သည်။

Jinkwoayuan သည် ကမ္ဘောဒီးယား လုံငန်းသီးများကို ၂၀၂၂ အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ တင်ပို့မှု စတင်ခဲ့သည်။ ကမ္ဘောဒီးယားလုံငန်းသီးများ သန့်စင်ထုပ်ပိုးသည့် လုပ်ငန်းစဉ်တွင် ခေတ်ပေါ်နည်းပညာစနစ်များ ပထမဆုံး စတင်အသုံးပြုသည့် ကုမ္ပဏီဖြစ်သည်ဟု စိုက်ပျိုးရေး ဝန်ကြီးဌာန ပြောရေးဆိုရေး တာဝန်ခံ Im Rachna က ပြောကြားသည်။ အမျိုးအစားနှင့် အရွယ်အစား ရွေးချယ်ခြင်း၊ ထုပ်ပိုးခြင်းတို့ကို အလိုအလျောက်စနစ် သုံးစွဲထားသည်။

“နှစ်သစ်ကူး နီးကပ်လာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ လုံငန်းသီး ဝယ်လိုအား သိသိသာသာ တိုးလာပါတယ်။ ပုံမှန်အားဖြင့် လုံငန်းသီး တင်ပို့တဲ့ ပမာဏက နည်းပါတယ်" ဟု Im Rachna က ပြောကြားသည်။ ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂၄ ဒသမ ၇၆ သန်းတန်ဖိုးရှိ လုံငန်းသီးများ စုစုပေါင်း ၁၇၄၉၇ တန်ကို  တင်ပို့ခဲ့ပါသည်။ တရုတ်ပြည်သို့ ကန်ဒေါ်လာ ၂၅ သန်းဖိုး ၁၇,၃၈၀ တန် တင်ပို့ခဲ့သည်။ ဗီယက်နမ်သို့ ကန်ဒေါ်လာ ၁၆၅,၁၁၆ ဖိုး ၁၁၆.၇ တန် တင်ပို့ခဲ့သည်။ 

Source: thestar

Source: https://www.foodindustrydirectory.com.mm

Category: International News