International News

ထိုင်းနိုင်ငံကျွဲကော အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့် ရရှိ

Last Updated:

      အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံကျွဲကောကို လာမည့်လတွင် စတင်တင်သွင်းမည်ဖြစ်သည်။ ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Rapeepat Chantarasriwong က  ထိုင်းနိုင်ငံမှ အရည်ရွှမ်းပြီး လတ်ဆတ်သော ကျွဲကောသီးများ တင်သွင်းခွင့်ကို အမေရိကန်က ပထမဦးဆုံးအကြိမ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး မျိုးကွဲများကို ကန့်သတ်ချက် မရှိကြောင်း၊ ထိုင်းနိုင်ငံကျွဲကောသီး၏ အရသာနှင့် အရောင်သည် အမေရိကန်နိုင်ငံစားသုံးသူများကို သဘောကျစေမည်ဖြစ်သည်ဟု ပြောကြားသည်။

          ကျွဲကောသီးသည် ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်သွင်းရန် ခွင့်ပြုချက်ရရှိသော အဋ္ဌမမြောက် အသီးဖြစ်သည်။ ယခင် ခွင့်ပြုချက် ရရှိထားသည့် အသီး ၇ မျိုးမှာ သရက်သီး၊ ကြက်မောက်သီး၊ ကနစိုသီး၊  မင်းဂွတ်သီး၊  လိုင်ချီးသီး၊  နာနတ်သီး၊ နဂါးမောက်သီးတို့ ဖြစ်ပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသည် ကျွဲကောသီးကို နိုင်ငံပေါင်း ၃၀ သို့ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ အဓိကအားဖြင့် တင်ပို့သည်။ ထိုင်းနိုင်ငံသည် ယမန်နှစ်က ဘတ် ၄၅ သန်းတန်ဖိုးရှိ ကျွဲကောတန်ချိန် ၁ သန်းခန့် တင်ပို့ခဲ့သည်။

           အမေရိကန်နိုင်ငံသို့ ထိုင်းနိုင်ငံကျွဲကောများကို ဘာမည့်လမှစ၍ တင်ပို့မည်ဖြစ်ရာ၌ လေကြောင်းကုန်စည်ဖြင့် ပေးပို့မည်။ ထိုင်းနိုင်ငံကျွဲကောသီးများ စိုက်ပျိုး ထုတ်လုပ်ရာတွင် Good Agricultural Practice (GAP) and Good Manufacturing Practices (GMP) စံသတ်မှတ်ချက်များ ကိုက်ညီဖို့ လိုအပ်သည်။ ဘဲသား တင်ပို့ခွင့်ရရှိ စိုက်ပျိုးရေးနှင့် သမဝါယမဆိုင်ရာ အမြဲတမ်းအတွင်းဝန် Prayoon Insakul က ဩစတြေးလျသည် ၇ နှစ်ကြာ ဆွေးနွေးညှိနှိုင်းပြီးနောက် ထိုင်းနိုင်ငံမှ ချက်ပြုတ်ထားသော ဘဲသားတင်သွင်းရန် နောက်ဆုံးတွင် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

          ချက်ပြုတ်ထားသော ဘဲသားတင်သွင်းရန်ဩစတြေးလျနိုင်ငံ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သစ်တောဌာန၏ ခွင့်ပြုချက်သည် မေလ ၁၆ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။ ထိုင်းနိုင်ငံမှ ချက်ပြုတ်ထားသော ဘဲသားများကို  လာမည့်လတွင် ဩစတြေးလျနိုင်ငံသို့ စတင်တင်ပို့မည်ဟု မစ္စတာ ပရာယွန်းက မျှော်လင့်ထားသည်။ ပထမဆုံးအနေဖြင့်  တန်ချိန် ၁၂၀၀ ခန့် တင်ပို့မည်ဖြစ်ပြီး တန်ဖိုးစုစုပေါင်း ဘတ်သန်း ၄၀၀  ခန့်ရှိကြောင်း ၎င်းက ပြောကြားပါသည်။

Source Bangkokpost 

https://www.foodindustrydirectory.com.mm

Category: International News