အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံဝင်ရောက်၍ နှမ်းနက်( စမုံ )၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီ စသည့်နှမ်းမျိုးစုံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ်၊ မေလ ဒုတိယအပတ်တွင် နှမ်းနက်( စမုံ ) ၄၅ ပိဿာ ၃ တင်းလျင် ၆၅၀၀၀၀ ကျပ်၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျင် ၆၁၀၀၀၀ ကျပ်၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျင် ၄၂၀၀၀၀ ကျပ်နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျင် ၄၂၀၀၀၀ ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ မေလ တတိယအပတ်တွင် နှမ်းနက်( စမုံ ) ၄၅ ပိဿာ ၃ တင်းလျင် ၆၀၀၀၀၀ ကျပ်၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျင် ၅၆၀၀၀၀ ကျပ်၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျင် ၄၂၀၀၀၀ ကျပ်နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျင် ၄၂၀၀၀၀ ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။
နှမ်းဈေးနှုန်းများအား ၂၀၂၆ ခုနှစ်၊ မေလ ဒုတိယအပတ်နှင့် တတိယအပတ်တို့ နှိုင်းယှဉ်ရာတွင် နှမ်းနက်( စမုံ ) ၄၅ ပိဿာ ၃ တင်းလျင် ၅၀၀၀၀ ကျပ်နှင့် နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျင် ၅၀၀၀၀ ကျပ်ဈေး ကျဆင်းလျက်ရှိနေကြောင်း အောင်လံကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး